Pron

1.4K 127 58
                                    

YURI's POV

ဒုတ် (Yuri ပန်ကန်ပြားဖြင့် Jessica အား ပိတ်ပေါက်လိုက်သည်)
ငါစားနေသောက်နေချိန် နင့်မျက်နှာ မမြင်ချင်ဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။နင်ကို သေအောင်မုန်းတယ်။ငါ့ရှေ့က ထွက်သွား။သွား ခုချက်ချင်းထွက်သွား။ငါနဲ့တန်းတူထိုင်ပြီး ထမင်းစားရအောင် နင်နဲ့ငါတူလား။

အော် နင်ငိုနေတာလား
နာလား ငါလုပ်လိုက်တာ

မငိုနဲ့ Jessica နင့်ရဲ့ အရှက်မရှိလိမ်ညာပြီး ထွက်လာတဲ့ မျက်ရည်တွေကို ငါမုန်းတယ်

နင့်ခေါင်းက ကျလာတဲ့ သွေးက ငါရဲ့ အောင်ပွဲပဲ နောက်လဲ အဲလို တွေ ထက်ကြုံရမှာ ခုမှ အစပဲရှိသေးတယ်။

မငိုနဲ့ တိတ်လို့ ပြောနေတယ်လေ ငါပိုင်တဲ့  ခြေနင်းတဲ့ ကြမ်းပြင်မှာတောင် အဆင့်မရှိတဲ့ နင့်မျက်လုံးက ထွက် လာတဲ့ မျက်ရည် မကျစေရဘူး

ခုချက်ချင်းတိတ်

ငါကို ပြန်မကြည့်နဲ့

ဖြန်း !!!!!!!!

ငါနင့်ကို အရမ်းမုန်းတယ် ငါ Yuri အသက်ရှိနေသ၍ နင့်ကို နှိပ်စက်ပြမယ်

ဖြန်း!!!!!!

[Yuri] မလုပ်ပါနဲ့ သူ့ကို မရိုက်ပါနဲ့ Jessica!!!!!!!!!

[Jessica] Yuri Yuri ငါဒီမှာရှိတယ် ငါ ဒီမှာရှိတယ်လေ နင်အိမ်မက်ဆိုးတွေမက်နေတာလား။

[Yuri] Jessica!!!နင်ဘာမှမဖြစ်ပါဘူးနော်
ကျွန်မ သူဆံပင်အား ဖယ်၍ သွေးထွက်နေလား ကြည့်သော်လည်း ဘာမှ မရှိပေ။ကျွန်မ ကျွန်မ အိမ်မက်မက်နေတာလား။မဖြစ်နိုင်တာ ပြန်ပြီး နိုးထလာသူတွေမှာ အိမ်မက်မရှိဘူးလို့ ပြောကြတယ်။ခု ကျွန်မ မြင်လိုက်ရတာက ကျွန်မကိုယ်တိုင် Jessica ကို နည်းမျိုးစုံနဲ့ နှိပ်စက်နေတာ။သူငိုနေတာတောင် မငိုနိုင်အောင် သူကို ရိုက်နေမိတယ်။

[Jessica] Yuri...Yuri ငါ့ကိုကြည့်ဦး နိုးလာပြီလား
ဘယ်နားတွေနာနေသေးလဲ

[Yuri] Jessica ငါ နင့်ကို ထိခိုက်အောင် လုပ်လိုက်သေးလား

[Jessica] မလုပ်ပါဘူး Yuri ရယ် နင်မေ့လဲသွားလို့ ငါ့မှာ စိတ်ပူနေတာ ခုကော နေလို့ကောင်းရဲ့လား

EGYPT CODEDonde viven las historias. Descúbrelo ahora