T....T.....T.....T....T......
T....T....T....T....T.....
T....T....T....T...
Jessica ၏ နှလုံးခုန်နှုန်းအားတိုင်းတာထားသည့်စက်မှ တတီတီမြည်နေရှာသည်။သေရေး နှင့် ရှင်ရေးကြား ရုန်းကန်နေရသော အချိန်ဖြစ်လေသည်။ထို တတီတီမြည်နေသောစက်လေး မရပ်သွားဖို့ အရေး ဆရာဝန်များချွဲရွဲနေရသည်။
[Krystal] Amber Unnie ဘာလို့ အဲ့လောက်တောင် ကြာနေတာလဲ အဆင်မပြေဘူးလားမသိဘူး!!
မျက်ရည်စန်းလန်းဖြင့် Krystal တယောက် ခွဲစိတ်ခန်းရှေ့၌ ဂနာမငြိမ်ဖြစ်နေသည်။
[Amber] sica unnie သန်မာတာလည်း သိတာပဲ သူ ဘာမှ မဖြစ်ပါဘူး
ပြာယာခတ်နေသော Krystal အား Amber တင်းကျပ်စွာဖက်ကာ နှစ်သိမ့်လိုက်သည်။
ထိုစဉ် မျက်မြင်သက်သေဖြစ်သူ Hyomin အားရဲများမေးမြန်းမှု ပြီးဆုံး၍ Kryber နားရောက်လာသည်။
Amber လည်း Jessica အား ဆေးရုံခေါ်လာပေးသူဖြစ်လို့ ခေါင်းလေးငုံ့ကာ အရိုအသေပေးရင်း နှုတ်ဆက်လိုက်သည်။[Amber] annyoehasaeyo...
Hyomin လည်းပြန်နှုတ်ဆက်ရင်း
[Hyomin] အခြေအနေဘာထူးခြားသေးလဲ။Amber ပါးစပ်ကတောင် မဖြေနိုင် ခေါင်းလေးသာ ခါရမ်းပြလိုက်သည်။ရင်ခွင်ထဲ၌ ငိုနေရှာသော Krystal အား အားပေးရသည်ကတဖက် သူကိုယ်တိုင် စိုးရိမ်စိတ်က တဖက်ဖြစ်နေသည်။
[Hyomin] ဒါနဲ့Yuri ဘယ်မှာလဲ သိလား။
Hyomin Yuri အားအထင်လွှဲနေလေသည်။ပျောက်တုန်းသဲသဲလှုပ် လိုက်ရှာတုန်းက သူ့အပြင်နှစ်ယောက်မရှိပေ။ရှာလဲတွေ့ရော မကယ်သည့်အပြင် ဘယ်ရောက်သွားမှန်းမသိ။Yuri နောက် စိတ်မချလို့ လိုက်လာသည့် ကိုယ့်ကိုကိုယ်ပင် Hyomin ကျေးဇူးတင်မိသည်။မဟုတ်လျှင် Jessica မိသားစု ဖြစ်သည့် ဒီကလေးနှစ်ယောက်မှာ အလောင်းသာကောက်ရလိမ့်မည်။
[Amber] အာ မသိဘူးUnnie...သူကိစ္စရှိလို့နေမှာပေါ့
Amber လိမ်လိုက်လေသည်။
[Hyomin]ဘယ်လောက်ပဲကိစ္စရှိရှိလေ လူ့အသက်ကနောက်စရာမဟုတ်ဘူး