Jessica's POV
Yuri နဲ့ ပြဿနာတွေ ရှင်းသွားပြီးနောက်ပိုင်း သူမ ကျွန်မနဲ့ ပြန်လိုက်လာသည်မှာရက်ပိုင်းရှိနေပြီဖြစ်သည်။မနက်ဆို ကျွန်မကျောင်းမသွားခင် သူမကို အလုပ်ဝင်ပို့ ညနေ နေမဝင်ခင် ပြန်ကြို ထိုနည်းဖြင့် ကျွန်မ တို့ ဝေးကွားနေတဲ့ရက်ပိုင်းမှ သူစိမ်းဆန်မှုတွေကို ဖယ်ရှား လိုက်နိုင်သည့် အပြင် အချစ်တွေ ပါတိုးလာ သလို ခံစားနေရသည်။[Yuri] Sica....
[Jessica] ukrhejksnsh....
ကျွန်မ စောစောနိုးတာရှားပါတယ် ဒါပေမဲ့ ခုအိမ်ကြီးထဲမှာ ကျွန်မ ပထမဆုံးနိုးသူ ဖြစ်နေမလားမသိ။ဘာ လို့လဲ ဆိုတော့ Yuri သူပေါ့ ခု ကျွန်မ ဘေးမှာ လှဲပြီး ကျွန်မ ကို စနေတယ်လေ။
[Yuri] sica...
Sica ဆိုတဲ့ နာမည်က သူကိုယ်ပိုင်ဖြစ်သွားတာကြာပေါ့။အဲနာမည်သူများခေါ်တောင်ကြိုက်ချင်တာမဟုတ်ဘူး။ခုလည်း အဲ့နာမည်ကို ထပ်ကာထပ်ကာခေါ်ရင်း ကျွန်မဘေးမှာ ကလိနေသည်။
[Jessica] Yuri မလုပ်ပါနဲ့ အိပ်ပါရစေ။
[Yuri] မရဘူး
တစောင်းလှဲကာ မရမက အိပ်နေသော ကျွန်မခါးလေးအား သူမနောက်မှ လှမ်းဆွဲကာ သူမလက်မောင်းပေါ် ကျွန်မ ခေါင်းတင်ခိုင်းလေသည်။
[Jessica] Yuri ဘာလို့ မအိပ်တာလဲ ငါအိပ်ချင်သေးတယ်
ကျွန်မအဲ့လို ပြောလိုက်တော့ သူမမျက်နှာလေး ညှိုးသွားရှာတယ်
[Yuri] ငါ နှစ်နှစ်ထောင်လုံးအိပ်လာတာ ပင်ပန်းနေပြီ ခု Sica နဲ့ တူတူရှိတဲ့ အချိန်လေးတွေကိုတော့ တန်ဖိုးထားချင်တယ် ဘယ်အချိန် ဘာဖြစ်မယ်မှန်းမသိတော့ ဘာမှ မဖြစ်သေးခင် အချိန်တွေကို ကောင်းကောင်းအသုံးချချင်တယ်
သူမ စကားအကြားမှာ ကျွန်မရင်ထဲ တော်တော် နာကျင်မိတယ်။တသက်လုံး အခေါင်းထဲ ပိတ်ခံထားရတဲ့ သူမကို သနားမိတယ်။
ကျွန်မ သူမနဲ့ မျက်နှာချင်းဆိုင်ရင်း
[Jessica] Yuri...ဘာမှ မစိုးရိမ်ပါနဲ့ အဲလို အဖြစ်ဆိုးတွေရှိမှာ မဟုတ်တော့ဘူး