6

1.9K 237 3
                                    

-Zawgyi

Tae's Diary

[၉ရက်​မြောက်​နေ့]

Jungkookကို သိ​စေချင်​လိုက်​တာ။ အခု Jungkookရှူရှိုက်​​နေတဲ့​လေကို ကျွန်​​တော်​လည်း ရှူရှိုက်​​နေတယ်​။ Jungkookရပ်​​နေတဲ့ ​မြေကြီး​ပေါ်မှာ ကျွန်​​တော်​လည်း ရပ်​​နေတယ်​။ Jungkookကြည့်​​နေတဲ့ ပင်​လယ်​ကြီးကို ကျွန်​​​တော်​လည်းကြည့်​​နေတယ်​။ ကျွန်​​တော်​ အခု Jungkookရှိ​နေတဲ့ ​မြို့​လေးထဲမှာ​လေ။ တစ်​ချိန်​တစ်​ခါက အတူရှိခဲ့ကြတဲ့ မြို့​လေးထဲမှာ။

ဆုံ​တွေ့ခဲ့တဲ့ ​ကျောင်း​တော်​ကြီးဆီလည်း ပြန်​​ရောက်​ဖြစ်​တယ်​။

ကျွန်​​တော်​တို့အတူ​လျှောက်​ဖူးတဲ့ ​ကော်ရက်​တာတစ်​​လျှောက်​လည်း လမ်းပြန်​​လျှောက်​ခဲ့တယ်​။ တစ်​ချိန်​တစ်​ခါက ဒီ​နေရာမှာ ကျွန်​​တော်​တို့​ခြေလှမ်း​တွေ ထပ်​​နေခဲ့ဖူးတာ​ပေါ့။

Jungkookထိုင်​ခဲ့ဖူးတဲ့ အတန်းရဲ့​နောက်​ဆုံးခုံမှာလည်း ဝင်​ထိုင်​ဖြစ်​ခဲ့တယ်​။ Jungkookအ​ငွေ့အသက်​​လေးများ ရလိုရညားနဲ့။ နှစ်​​တွေ​တောင်​ကြာခဲ့ပြီကို ကျွန်​​တော်​ ရူးတယ်​​နော်​။

ဘယ်​သူမှမရှိတဲ့ ​ကျောင်းဝန်းကြီးထဲမှာ ကျွန်​​တော်​တစ်​​ယောက်​ထဲဆို​ပေမဲ့ ​ကျေနပ်​တယ်​။ ကျွန်​​တော်​တို့နှစ်​​ယောက်​ရဲ့ အတိတ်​​တွေကို တစ်​​ယောက်​ထဲ ပုံ​ဖော်​ခွင့်​ရလို့။

ခပ်​လှမ်းလှမ်းက စာကြည့်​တိုက်​​​လေးကို ​တွေ့​တော့ ပြုံးမိ​သေးတယ်​။ အမြဲအတူ စာလုပ်​ဖြစ်​ခဲ့တဲ့ ​နေရာ​လေး​တောင်​ လွမ်းလို့။

သစ်​ညို့ပင်​ကြီးက​မေးတယ်​။ Jungkook​ရောတဲ့။ ပထမဆုံး သစ်​ရိပ်​ပင်​​အောက်​မှာ အနမ်း​တွေ​ခြွေခဲ့တာ သူလည်းအမှတ်​ရတယ်​ထင်​ပါတယ်​။ ကျွန်​​တော်​လည်းပဲ လွမ်းတယ်​။

အရင်​က ခုံတန်းဖြူဖြူ။ အခု​တော့ ​ဆေး​ရောင်​​တွေသုတ်​ထားတဲ့ ပြာလဲ့လဲ့ ခုံတန်းရယ်​။ သူလည်း ကျွန်​တာ့်​ကို ​လှောင်​တယ်​။ အခု​တော့ တစ်​​ယောက်​ထဲ​ပေါ့တဲ့။

Diary / / Short StoryWhere stories live. Discover now