-Zawgyi
Tae's Diary
[8ရက်မြောက်နေ့]
ကျွန်တော် စာမရေးဖြစ်ခဲ့တာ ကြာပြီ။ ရေးချင်တာပေါ့ လွမ်းတဲ့အကြောင်းတွေ။ တွေးချင်တာပေါ့ Jungkookရဲ့ အကြောင်းတွေ။ နေမှမကောင်းခဲ့ပဲလေ။ ခွဲစိတ်ရတယ်။ အဲ့အချိန်တုန်းက အရမ်းကြောက်ခဲ့တာ Jungkookသိလား။ သေရမှာထက် Jungkookကို မတွေ့ရတော့မှာကို ကြောက်မိတာ။ သုံးရက်လောက် မထနိုင်ခဲ့ဘူး။ ဆေးဒဏ်နဲ့ အိပ်ယာပေါ်မှာ ကျွန်တော် အလူးအလဲပဲ။ သက်သာလိုသက်သာညား Jungkookအကြောင်းတွေ တွေးပြန်တော့လည်း နှလုံးသားကနာတယ်။ လွမ်းလို့။ ဝန်ခံပါတယ်။ တခါတလေတော့ ကျွန်တော့်အနားမှာ Jungkookကိုရှိစေချင်တဲ့စိတ်လေး မယိုးမယွဖြစ်ခဲ့ဖူးတယ်။
တကယ်တော့ဒီနေ့ ပျော်တယ်သိလား။ Jungkookဆေးရုံကို လာတယ်လေ။ ကျွန်တော့်ကို လာတွေ့တာမဟုတ်ပေမဲ့လည်း ပျော်တယ်။ Jungkookကိုတွေ့လိုက်ရလို့ ပျော်တယ်။ Jungkookက ကျွန်တော် ဒီဆေးရုံမှာရှိနေတာ သိတာမှမဟုတ်ဘဲလေ။ အမှတ်မထင် ဆေးကောင်တာမှာ လှမ်းတွေ့လိုက်ရတဲ့ ကျွန်တော့်ရဲ့ Jungkook။ လွမ်းလို့လားမသိဘူး။ မျက်ရည်တွေကကျလာသေးတယ်။ Jungkookမတွေ့အောင် ပြေးလိုက်ရတာလည်း အမော။
Jungkookလေ အရမ်းကြည့်ကောင်းလာတယ်နော်။ ဒါပေမဲ့ နည်းနည်းပိန်သွားတယ်။ နေကောင်းအောင် နေပါ Jungkookရယ်။ ကျွန်တော် စိတ်မပူပါရစေနဲ့လား။ ပြုံးပျော်နေတဲ့ Jungkookမျက်နှာလေးကို ငေးကြည့်နေခဲ့မိတာ တော်တော်ကြာအောင်ပါပဲ။
သူနာပြုလေးတွေကပြောတယ်။ Jungkookက အရမ်းချောတာပဲတဲ့။ အရင်လိုစိတ်နဲ့ဆို....
"အဲ့ဒါ ကျွန်တော့်ကောင်လေး မျက်စိနဲ့တောင် မပစ်မှားနဲ့"လို့ ပြောပစ်လိုက်ချင်တာ။

YOU ARE READING
Diary / / Short Story
Hayran KurguKim Tae Hyung Jeon Jung Kook Vkook yaoi fic Short Story