-Zawgyi
အချစ်ကို ပိုင်ဆိုင်ခြင်း သို့်တည်းမဟုတ်
ပေးဆပ်ရခြင်းလို့ လူတွေဝေခွဲနေကြချိန်မှာ
ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ
ရှင်သန်ခြင်းပဲ....။♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
" Jungkook ဒါမင်းအတွက် Taehyung ပေးခဲ့တဲ့ နောက်ဆုံးလက်ဆောင် "
Jimin လှမ်းပေးလာတဲ့ ဝါဖျော့ဖျော့စာအုပ်လေးကို တုန်ရီစွာ ကျွန်တော် လှမ်းယူလိုက်တယ်။ နှိပ်သီးဖုလေးနဲ့ အဝါရောင်စာအုပ်အဖုံးလေးကို ဖွင့်လိုက်တဲ့အခါ ပထမဆုံးစာမျက်နှာမှာ အသဲပုံစတစ်ကာလေးတွေနဲ့ တွယ်ကပ်ထားတဲ့ သူနဲ့ကျွန်တော်ရဲ့ဓာတ်ပုံ။ နောက်... စာရွက်အောက်ခြေနားက သူရဲ့လက်မှတ်လေး။
မှတ်မိတာပေါ့။ အသေအချာကို မှတ်မိတာပေါ့။
တုန်ရီနေတဲ့လက်အစုံနဲ့ နောက်စာမျက်နှာကို လှန်လိုက်တယ်။ လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ သူစီကုံးထားတဲ့ ကျွန်တော့်အကြောင်းတွေ.....။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Tae's Diary......
[ပထမမြောက်နေ့]
Jungkook ဒီနေ့ ကျွန်တော်ဆေးရုံစတက်ရတယ် သိလား? နေမကောင်းလို့လေ။ သွေးကင်ဆာတဲ့။ သေမလား ရှင်မလားမသိပေမဲ့ ကျွန်တော်မကြောက်ပါဘူး။ Jungkookနဲ့ လမ်းခွဲရတာလောက် ကြောက်ဖို့မကောင်းတော့လို့လေ။ ထားပါလေ။
ကျွန်တ်ာအခု ကုတင်ပေါ်မှာ စာရေးနေတယ်။ မြင်ယောင်ကြည့်ပေါ့။ Jungkook ခဏခဏပြောတဲ့ ခန္ဓာကိုယ်သေးသေးလေးနဲ့ ကျွန်တော်က ဆေးရုံဝတ်စုံနဲ့ လိုက်တယ်ထင်တယ်။ သူနာပြုလေးတွေက ကျွန်တော့်ကိုငေးကြည့်ကြတယ်။ Jungkookသာရှိရင် သူနာပြုလေးတွေကို သဝန်တိုရင် တိုနေမှာ။
YOU ARE READING
Diary / / Short Story
Hayran KurguKim Tae Hyung Jeon Jung Kook Vkook yaoi fic Short Story