❤❤❤❤❤
အိမ်ပြန်ရောက်တော့ Baekတစ်ယောက် Been togetherဆိုတဲ့ appလေးမှာ ထည့်လိုက်တယ်
BBH နဲ့ PCYဆိုပြီး သူတို့နာမည်အတိုလေးတွေပေါ့
ဒီနေ့ဟာ သူတို့ချစ်သူ ဖြစ်တဲ့ ပထမဆုံးနေ့လေးပေါ့သူ့ကိုချစ်မိလို့Baekဘယ်တော့မှ
နောင်တရမှာမဟုတ်ပါဘူး
သူချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ
အရေးကြီးတာ Baekကချစ်ခွင့်ရနေဖို့ပဲမဟုတ်လားYeolကBaekကို ခါတိုင်းလိုမရှောင်တော့ဘူး
ရုံးမှာတော့သွားအတူလာအတူ စားအတူ
သူတို့ကို လုပ်ဖော်ကိုင်ဖက်တွေလို့သာ မြင်ကြသည်
သူများတွေမရိပ်မိငေ် သတိတော့အမြဲထားတာပေါ့လေသူတို့အမြဲတမ်းတွေ့ဖြစ်တာတော့ ကားထဲမှာ တစ်ခါတစ်လေ ရုံးဆင်းချိန်ဆို ကားလျှောက်မောင်းသည်
Baekhyunအကြိုက်ဆုံးက သူ့ရင်ခွင်ကျယ်ကြီးထဲ ခိုဝင်ရတာကိုပင်
သူ့ကိုယ်သင်းနံ့ကိုရှုရှိုက်နေရရင်
တစ်နေ့လုံးပင်ပန်းထားသမျှပျောက်သွားသလိုကားပေါ်မှာဆိုရင်
သူကgame တစ်ခုခုဆော့ ဒါမှမဟုတ် ဖုန်းထဲမှာ အလုပ်နဲ့ပတ်သက်တာ တစ်ခုခုဖတ်နေရင် Baekက သူ့ရင်ခွင်ထဲကို တိုးဝင်နေပြီး သူ့ကိုဖက်ထားမည်Baekကို ဖက်ပါအုန်းလို့ပြောမှ အားနေတဲ့ လက်တစ်ဖက်နဲ့ ပြန်ဖက်တတ်သလို
နောက်ကျောကို ဖွဖွလေးပြန်ပွတ်ပေးတတ်သည်
ဒါမှမဟုတ် Baekဆံပင်လေးတွေကို ဖွနေမည်နမ်းပါအုန်းလို့ပြောရင်ပါးကိုရွှတ်ခနဲတစ်ချက်လောက်ပဲနမ်းတယ်
မကျေနပ်လို့ ထပ်တောင်းရင် ဆံပင်ကို နမ်းမယ် ဒါမှမဟုတ် နဖူးကို နမ်းမယ်
ပြီးရင် သူ့ဂိမ်းပဲဆက်ဆော့နေမယ်
အရမ်းမုန်းဖို့ကောင်းသော လူကြီးရယ်ပါသူဟာBaekကို ဖက်တိုင်းနမ်းတိုင်း ဘယ်တော့မှ ပြုံးရယ်ဟန်မပြသော ခပ်တည်တည်လူကြီးရယ်ပါ
သဘောကျတယ် လည်း မဟုတ်
သဘောမကျဘူးလဲ မပြော
သူ့ဇနီးအကြောင်းမေးလျှင်တော့ တစ်ခွန်းနှစ်ခွန်းပဲမေးပြီး စကားလမ်းကြောင်းလွှဲပစ်တယ်အင်းလေ ဘာကိုမျှော်လင့်အုန်းမှာလဲ
Baekက အတင်းအဓမ္မခြိမ်းခြောက်ပြီး သူ့အချစ်ကို ဓားပြတိုက်ထားတာပဲလေ
YOU ARE READING
❤ မောင့်ချစ်သူ ❤
De Todo(Chanbaek yaoi) (Rated M) It's not about the right place It's not about the right timing It's not about the right age All that it takes is just one person whom your heart is yearning for