❤❤❤❤❤
Yeol နယ်ဘက်ကို အလုပ်ကိစ္စနဲ့ထွက်ရမှာမလို့
အိမ်မှာ
Mi Youngတစ်ယောက်တည်းကျန်ရစ်သည်
ဒါပေမဲ့ မရီးကအဖော်လုပ်ပြီးလာနေပေးမှာမို့ Yeolစိတ်အေးနေရခြင်းသာMi Youngကနှလုံးရောဂါရှိပြီးနှလုံးမကောင်းသည့်အပြင် အရိုးပျော့ရောဂါလည်းရှိသည်
အရင်ကတော့ လမ်းလျှောက်လို့ရပေမဲ့
နောက်ပိုင်းကျတော့ နှလုံးအားနည်းတာရယ်ကြောင့် အဆစ်တွေတော်တော်အခြေအနေဆိုးလာပြီး လူကောင်းတစ်ယောက်လို လမ်းမလျှောက်နိုင်တော့ပါYeolနဲ့Mi Youngတို့ကအသိုင်းအဝိုင်းက သာမန်မိသားစုဖြစ်ပြီး ချို့တဲ့တဲ့ ဘက်တောင် နည်းနည်းရောက်သည်
Yeolကကျောင်းတုန်းကလည်း စာအရမ်းတော်ပြီး အလုပ်ခွင်ထဲမှာ တစိုက်မက်မက်ကြိုးစားတာကြောင့် သူဌေး Byun Yixingက အားကိုးရတဲ့သူတစ်ယောက်ဖြစ်လာပြီး နည်းနည်းချောင်လည်လာတာဖြစ်သည်ဒါပေမဲ့ Mi Youngရဲ့ကျန်းမာရေးစရိတ်ကမသေးသလို သူကလည်းရာထူးတစ်ခုရှိပေမဲ့ လခစားဝန်ထမ်းတစ်ယောက်ဆိုတော့ တချို့ အခြေအနေတွေမှာတော့ ငွေကြေးနဲ့ပတ်သက်ပြီး ပူပန်ရသည်
ဒါမဲ့ အခု Baekhyunတစ်ယောက်ရှိနေပြီဆိုတော့ သိပ်မပူရလောက်ပါဘူးလေ
Baekhyunကိုယ်တိုင်က သူတောင်းဆို သမျှကို လိုလိုလားလားဖြည့်ဆည်းပေးချင်နေတာလေ
Byun Baekhyunရုပ်ရည် မိသားစုနောက်ခံ ကြွယ်ဝချမ်းသာမှု
ပြီးတော့ ပညာအရည်အချင်း
ဘာဆိုဘာမှ ပြောစရာမရှိလောက်တဲ့ လူမျိုးက
သူ့လို သာမန်လူ
ပြီးတော့ လက်ထပ်ပြီးသား လူတစ်ယောက်ကိုတမ်းတမ်းစွဲချစ်နေသည်မှာ ကံတရား၏ကျီစားမှုကြောင့်ပဲလားခွင့်လွှတ်ပါ Baekhyunရယ်
မင်းကိုယ်တိုင်က လိုလိုလားလား အသုံးချခံဖြစ်ချင်နေတာ
ငါ့ကို အခွင့်အရေးယူတယ်လို့ မထင်ပါနဲ့မင်းငါ့ဘေးမှာရှိနေတုန်းတော့
ငါအကောင်းဆုံး ဆက်ဆံပေးမှာပါ
ကျေးဇူးတင်တဲ့အနေနဲ့ပေါ့Chanyeolသူ့ပုခုံးပေါ်မှာမှီပြီး အိပ်ပျော်နေတဲ့ Baekhyunဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်

YOU ARE READING
❤ မောင့်ချစ်သူ ❤
Random(Chanbaek yaoi) (Rated M) It's not about the right place It's not about the right timing It's not about the right age All that it takes is just one person whom your heart is yearning for