T w e n t y - N i n e

11K 490 3
                                    

"သေချာစဉ်းစားပေါ့ Byun Baekhyun..."

"ခုချိန်မှာဘာကို အလုပ်သင့်ဆုံးလဲဆိုတာ မင်းသိမှာပါ..."

*flashback starts*

ကျနော့်မာနတွေကို ခဏလောက်ချိုးနှိမ်ပြီး
အမှုဆောင်တွေကို တစ်ခါလောက်အခွင့်အရေးပေးဖို့ ဆုံးဖြတ်လိုက်တယ်...
Yeolကိုတော့ ဘယ်လိုနည်းနဲ့မှ အထိခိုက်ခံမှာ မဟုတ်ပါဘူး...

At a Japanese Restaurant,

Mr.Seo:မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချနိုင်မယ့်ပုံပါပဲ...
ဒီအထိရောက်လာပုံကိုကြည့်ရတာ

Baek:လိုရင်းကိုပဲ ပြောရအောင်
ခင်များတို့အားလုံးကျနော့်ဆီက ဘာကိုလိုချင်တာလဲ?

Mr.Seo:ဟားဟား...ကြိုက်သွားပြီ မင်းရဲ့စိတ်ဓာတ်ကို...ယောက်ျားဆိုတာ အဲ့လိုမှပေါ့...ပွင့်ပွင့်လင်းလင်း...

Baek:ပြောပါ

Mr.Seo:ငါတို့နဲ့ပူးပေါင်းပါ...Baekhyun...မင်းငါ့သမီးကို လက်ထပ်လိုက်ပါ...ငါတို့ နှစ်အိမ့်တစ်အိမ် ရွှေလမ်းငွေလမ်းခင်းပြီး စီးပွားရေးလောကကို ခြေဆန့်ကြတာပေါ့ မကောင်းဘူးလား?

Baek:ကျနော် က သဘောတူမယ်လို့ ဘာလို့ ထင်ထားရတာလဲ

Mr.Seo:မင်းမှာရွေးချယ်စရာသိပ်မရှိလှဘူးလေ
နံပါတ်(၁)...ရှယ်ယာဝင်တွေရဲ့ ယုံကြည်မှုကို မင်းလိုအပ်တယ်...သူတို့တွေCo.မှာ ဆက်ရှိနေဖို့ ငါ့ကို မင်းလိုအပ်တယ်

နံပါတ်(၂)...မင်းချစ်သူကခုချိန် တရားရင်ဆိုင်ရင်တောင်သေချာပေါက်ရှုံးမှာပဲ...တစ်ဦးတည်းသော သက်သေဖြစ်တဲ့ မင်းအဖေက သတိပြန်ရမှာလား မသိတဲ့အခြေအနေ

နောက်ဆုံးအနေနဲ့ကတော့ ဒီCo.ကို မင်းအဖေဘယ်လိုတည်ထောင်ခဲ့ရတာလဲ?ဒါကိုတော့ မင်း အသိဆုံးပဲဖြစ်မှာပါ...

Baekhyun ဘာမှမပြောနိုင်ပဲ အံကိုကြိတ်ထားရင်း လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်
ဒီလူတွေဟာ ဘယ်လိုတောင် ယုတ်မာပက်စက်ကြတာ
အကုန်လုံးကို အကွက်ကျစီစဉ် ထားကြသည်ပဲ...

Baekဆီက တုံ့ပြန်စကားမကြားရတော့မှ Mr.Seoက

Mr.Seo:သေချာစဉ်းစားပေါ့...Byun Baekhyun ကိုယ်ချစ်တဲ့သူကို ကိုယ်တိုင်က ထိခိုက်စေနေမိပြီလားဆိုတာ?

❤ မောင့်ချစ်သူ ❤Where stories live. Discover now