T w e l v e

16.8K 570 11
                                    


                  ❤❤❤❤❤

Baekhyunအိပ်ချင်မူးတူးနဲ့တစ်ဖက်လှည့်တော့

အနီးကပ်မြင်နေရတဲ့ သူ့မျက်နှာခန့်ချောချော
သြော် ဒီ လို မနက်ခင်းမျိုးကို ပိုင်မှ ပိုင်ဆိုင်ရပါ့မလားလို့
Baekစောင့်နေခဲ့ရတာ

မနက်နိုးရင် သူ့မျက်နှာချောချောကို အရင်ဆုံးတွေ့ချင်မိသူပါလေ
ခုတော့ ဆုတောင်းတစ်ခုပြည့်သွားပြီပေါ့

Baekhyunသူ့မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီကို လက်ဖြင့်ကိုင်တွယ်နေမိသည်

နှာတံစင်းစင်းလေး
နှင်းဆီရောင်သန်းတေတဲ့ နှုတ်ခမ်းထူထူလေးတွေ
ပြီးတော့ သူ့နှာခေါင်းနားမှာဝဲနေတဲ့ ဝင်သက်ထွက်သက်
ကအစ ပြီးပြည့်စုံတယ်ဆိုတာထက်ကိုပိုတယ်

Baekhyunသူ့ဝင်သက်ထွက်သက်လေကို Baekhyunနှုတ်ခမ်းနားမှာ
ခံစားရမိတဲ့ အထိ သူ့မျက်နှာနားကို တိုးကပ်သွားလိုက်တယ်
ပြီးတော့လက်ညှိုးလေးနဲ့ သူ့ပါးကို
ခဏခဏထိုးလိုက်နဲ့
Baekတခွိခွိရယ်နေမိသည်

ဖျတ်ဆို သူကမျက်လုံးကြီးပွင့်လာပြီး
Baekလက်လေးတွေကို ဆွဲယူလိုက်တယ်

Chanyeol:တော်တော်ပျော်နေတယ်လား

Baekတခွိခွိရယ်ရင်းခေါင်းခါပြတော့

Chanyeol:အဲ့ဆော့တဲ့လက်ကို ဘာလုပ်ရကောင်းမလဲ

Baekခေါင်းခါတော့

Chanyeol:ကိုက်စားပစ်ရမလား

Baek:ဟင့်အင်း ဟင့်အင်း Baekရယ်နေရင်း

Yeolကသူ့လက်ထိပ်လေးတွေကို သွားနဲ့ ဖွဖွလေး မနာအောင်ကိုက်ရင်း စနေသည်

Baek:ညစ်ပတ်တယ်ကွာ သွားလည်းမတိုက်ပဲနဲ့

Chanyeol:လာခဲ့ Chanyeolကညစ်ကျယ်ကျယ်ပြုံးရင်း

Chanyeol:ဒီနေ့ကျမှ သွားတွေ ယားနေသလိုပဲ

Baek:ဟားဟား အရိုးကိုက်လေ

Chanyeol:အရိုးတော့မကိုက်ဘူး ဒီပါပီလေးကိုပဲ ကိုက်ချင်တာ လာခဲ့

Baekစောင်ပုံထဲကနေ ကုန်းရုန်းထပြီး ထွက်ပြေးမယ်ကြံတော့ သူကBaekနောက်ကနေ ဆွဲထားပြီးဖက်လိုက်တော့ Baekသူ့ပေါင်ပေါ်မှာ လှုပ်မရတော့ သူကBaekပါးလေးတွေကို နမ်းလိုက်
ဖွဖွလေးကိုက်လိုက်နဲ့စနေလေသည်

❤ မောင့်ချစ်သူ ❤Where stories live. Discover now