"ကိုရေ Min Joonငိုနေတယ် သွားချော့ပေးပါအုန်း Baekအရမ်းအိပ်ချင်နေလို့"
Baekက ပြောပြောဆိုဆိုနဲ့ တစ်ဖက်လှည့်သွားပြီး ပြန်အိပ်နေတော့ Park Chanyeolတို့ ထပြီး ကလေးအငိုတိတ်အောင်
ချော့ရတော့တယ်ဒါနဲ့ဆို MinJoonနိုးတာ သုံးခါရှိပြီ Min Joonက အအိပ်ဆတ်သလို တော်တော်နဲ့ အအိပ်မကျပဲ ခဏခဏနိုးတတ်တော့ Baekနဲ့ Yeolတော်တော်လေးအိပ်ရေးပျက်ရသည်
SeoJoonကတော့ မိန်းကလေးလို့သာပြောတယ် အသံတစိမှမထွက်ပဲ အတော်လေး ငြိမ်တဲ့ ကလေးဆိုတာ ညဖက်တွေဘာတွေ ထငိုတယ်ဆိုတာ တော့်တော့်ကိုရှားသည်"Min Joonလေးရေ မငိုနဲ့တော့ တိတ်တော့ နော်
ပြောကာမှ အသံပြဲကြီးနဲ့ ပိုအော်ငိုနေသလို
"အိပ်ပါတော့သားလေးရယ်
သားအိပ်မှ Appaအိပ်ရမှာ..."မနက်ကျရင် အစည်းအဝေးလည်းရှိသေးတယ်ဆိုတော့ သူငိုက်နေရင် မဖြစ်သေးတာမို့ သားမြန်မြန်သာပြန်အိပ်ပျော်သွားပါစေ ဆုတောင်းနေရသည်...
Baekကတော့ အိပ်မောကျလို့...
Baekကိုလည်းမခိုင်းရက်...
သူ့မှာရုံးတက်နေရတဲ့အပြင်
အိမ်ကိစ္စ ရော Yeol ကိစ္စ
အကြီးကောင်လေး Do Joon ကိစ္စတွေပါ စီမံနေရတာနဲ့ တစ်နေ့နေ့ ပင်ပန်းနေရှာတာ...
DoJoonက မူကြိုတက်တဲ့ အရွယ်မို့
မနက်ဆို ကလေးကို ပြင်ဆင်ပေး ရသေးတယ် အမြွှာလေးနှစ်ကောင်ကိုထိန်းဖို့
Nannyခေါ်ထားပေမဲ့ ကလေးတွေကို အနီးကပ်အချိန်ပေးဖြစ်တာက နည်းနေတာမို့ Yeol တော်တော်လေး အားနာသလို အိမ်မှာရော Co:မှာပါ တာဝန်မလစ်ဟင်းတဲ့ အိမ်သူသက်ထားကို အချစ်ပိုရသည်"Arjumma
Baekစိတ်ချမယ်နော်...Min Joonဒီနေ့ နည်းနည်းဂျီကျမယ်ထင်တယ် ညက သုံးခါတောင် Baekတို့နိုးတယ် သူ့အဖေလည်း မနည်းချော့သိပ်ရတယ်"Arjummaကို တဖွဖွမှာနေရင်းမှ
အနားမှာ Baekရဲ့ အင်္ကျီလက်အနားစကို လာဆွဲတဲ့ Do Joonလေးကို မြင်တော့ Baekပြုံးလိုက်မိသည်"Do JoonလေးAppaဆီလာပါအုန်း..."
"Do Joon ဦးထုပ်လေးက လှလိုက်တာ"
"ဖိုးဖိုးကြီး ဝယ်ပေးထားတာလေ Do Joonအတွက်"
"ဟုတ်လား?ဒီနေ့လည်း မူကြိုမှာ လိမ်လိမ်မာမာနေနော် ဆရာမတွေ စကားလည်းနားထောင်ရမယ် ဟုတ်လား..."

YOU ARE READING
❤ မောင့်ချစ်သူ ❤
Random(Chanbaek yaoi) (Rated M) It's not about the right place It's not about the right timing It's not about the right age All that it takes is just one person whom your heart is yearning for