T w e n t y

13K 589 15
                                    

                    ❤❤❤❤❤

Chanyeol:Yeoboရေ ကိုယ်ပြန်လာပြီ
ီမင်းကြိုက်တဲ့ ပန်းသီးတွေလဲ ဝယ်လာတယ်
ဘယ်လိုလဲ အသက်ရှုရတာ အဆင်ပြေရဲ့လား

Mi Young:အင်း ကို
မနက်ကတော့ နည်းနည်း ကြို့ထိုးချင်နေသေးတယ် ပြီးတော့ ပျောက်သွားတယ်
ခြေထောက်တွေ အရမ်းနာတယ် ကို

Chanyeol:ကောင်းသွားမှာပါ ဒါနဲ့လေ
ကိုယ်အခုဝမ်းသာစရာသတင်းပြောမလို့

Mi Young:ဘာလဲ ကို ပြောလေ

Chanyeol:Mi Youngကိုခွဲစိတ်ဖို့ကို
ဆိုးလ်မှာရှိတဲ့ အကောင်းဆုံး ခွဲစိတ်ဆရာဝန်ကြီးတွေ နဲ့စီစဉ်ဖို့ ကိုယ်ဆုံးဖြတ်ပြီးပြီ
လိုအပ်ရင် နိုင်ငံခြားအထိပါ ကိုယ်တို့ သွားပြီး ကုသလို့ရတယ်

Mi Young:ဒါပေမဲ့ ကိုရယ် အဲ့လောက်များတဲ့ ပိုက်ဆံတွေ ကိုဘယ်လိုလုပ် ပြီးတော့
လွယ်ကူပါ့မလား

Chanyeol:အဲ့ဒါတွေ စိတ်မပူပါနဲ့ ကို့မှာ အဲ့ဒီ့အတွက် ပိုက်ဆံအလုံအလောက်ရှိတယ်
ကိုယ်ပေးဆပ်ထားတဲ့ အရာနဲ့ ထိုက်တန်တဲ့ပမာဏပါ

(ကိုယ့်နှလုံးသားတစ်ခုလုံးပေးဆပ်ခဲ့ရုံပါ)

Mi Young:ကို တကယ်ပြောနေတာလား?

Chanyeol:တကယ်ပေါ့ Mi Youngရဲ့
အဲ့ဒါကြောင့် ပေါက်ကရတွေ မတွေးနဲ့တော့
Mi Youngကိုကိုယ်ရအောင်ကယ်မယ်

Mi Young:ကျေးဇူးပါ ကိုရယ် ကိုက ကျွန်မရဲ့
ကျေးဇူးရှင်ပါ

Chanyeol:Mi Young မင်းလဲ ကိုယ့်ကျေးဇူးရှင်ပါကွာ

အဘိုးနဲ့ အဘွားဆုံးတော့
ကိုယ့်ဆွေမျိုးအရင်းတွေ အကုန်လုံးက
အဘိုးနဲ့ အဘွားကို ကပ်စား ညာစားနေတဲ့ကောင် မိဘမဲ့ဆိုပြီး
ပစ်ခွာသွားတဲ့ အချိန်

ကိုယ်အားကိုးရာမရှိခဲ့တဲ့ အချိန်တုန်းက
မင်းတို့မိသားစုနဲ့တူတူစားခဲ့တဲ့ ထမင်းနဲ့ ဟင်း

ကိုယ်ဘယ်တော့မှ မမေ့ဘူး
မျက်ရည်တွေနဲ့စားခဲ့တဲ့ထမင်းနဲ့ဟင်း
ကအရသာအရှိဆုံးပဲ

လူတွေအကြောင်းနားလည်အောင်
သင်ပေးတတ်ခဲ့တယ်

Mi Youngကကိုယ့်ရဲ့ ကျေးဇူးရှင်ပါ
Mi Youngရဲ့ ငယ်သူချင်း ပြီးတော့ အိမ်နီးချင်းဆိုတာလေးနဲ့တင်
Mi Youngတို့မိသားစုက ကိုယ့်အပေါ် စောင့်ရှောက်ပေးခဲ့တာ

❤ မောင့်ချစ်သူ ❤Where stories live. Discover now