T w e n t y - S i x

16.4K 559 43
                                    

                 ❤❤❤❤❤

Yeol's P.O.V

ကျနော်အိမ်ထဲကိုဝင်လာထဲက ခါတိုင်းနဲ့မတူတဲ့
အပြင်အဆင်ကို သတိထားမိတယ်
နှာခေါင်းထဲထိတိုးဝင်လာတဲ့ ခပ်မွှေးမွှေး အနံ့ရယ်
ပြီးတော့ နှင်းဆီဖြူတွေ အများကြီးထည့်ထားတဲ့ ပန်းအိုးကြီးတွေ
တစ်အိမ်လုံးနေရာအနှံ့ကို လည်း နှင်းဆီပန်းဖြူဖြူတွေနဲ့ အလှပန်းခက်တွေနဲ့  အလှဆင်ထားသေးတယ်

Arjummaပြောလို့ ထမင်းစားခန်းကိုဝင်လိုက်တော့
စားပွဲရှည်ရဲ့ တစ်ဖက်စွန်းမှာ ထိုင်ရက်လေး
ခေါင်းလေးမှောက်ပြီး အိပ်ပျော်နေတဲ့
ကျနော့်ရဲ့ အသက်လေး ^^

တစ်ခန်းလုံးလဲ မီးရောင် မှိန်ဖျော့ဖျော့လေးသာထွန်းထားပြီး
စားပွဲပေါ်မှာ အလှထားထားတဲ့
ဖယောင်းတိုင်ရှည်အချို့ရဲ့မီးရောင်ကြောင့်
သူ့မျက်နှာလေးပေါ် အရိပ်ကျနေလေရဲ့
မျက်နှာလေးက နွမ်းလိုက်တာ

စားပွဲပေါ်မှာတော့ ရှမ်ပိန်ပုလင်းလေးရယ်
ဝိုင်ခွက်လေး နှစ်ခွက်ရယ်
ပြီးတော့ စားချင်စဖွယ် စားသောက်ဖွယ်ရာတွေ က အစီအရီ
အကုန်လုံးအေးစက်နေမှာကလွဲရင်ပေါ့
တောင်းပန်ပါတယ် ကလေးရယ်

အမြဲတမ်းပဲ ကလေးက ကိုယ့်ကိုစောင့်မျှော်နေရတယ်

Arjummaက စားပွဲပေါ်ခေါင်းလေးမှောက်ပြီး ထိုင်ရက်လေးအိပ်ပျော်နေတဲ့ Baekhyunလေးကိုကြည့်ပြီး

Arjumma:ဒါတွေ အကုန် သူကိုယ်တိုင် တစ်နေကုန်ပြင်ဆင်ထားတာလေ

တစ်ညနေလုံးလဲ စောင့်နေရှာတာ ဒီနေ့ကသူ့မွေးနေ့လေ

Chanyeol:ဗျာ??
ကိုယ်လဲ ဘာမှ မသိရပါလား ကလေးရယ်
အဲ့ဒါကြောင့်လား?

Arjumma:ဒီက မောင်ရင်လေးကို မသိစေချင်ဘူးထင်တယ် အံ့သြသွားစေချင်လို့နေမှာပေါ့

Arjummaထွက်သွားတော့မှ
ကျနော်လည်း သူ့ဘေးကို ဝင်ထိုင်ရင်း
သူ့ပါးပြင်ဖွေးဥဥကို လက်လေးနဲ့ အသာပွတ်လိုက်တော့

မျက်ဝန်းမှေးမှေးလေးတွေ
်ဖြည်းဖြည်းချင်း ပွင့်လာပြီး
အိပ်ချင်မူးတူးနဲ့ကျနော့်လက်လေးကို ပြန်ကိုင်တယ်

❤ မောင့်ချစ်သူ ❤Where stories live. Discover now