T w e n t y - S e v e n

13.7K 507 28
                                        

                   ❤❤❤❤❤

Baek:ဘာ??မဖြစ်နိုင်ဘူး...ဟင့်အင်း
Baekhyunခေါင်းကို မိုးကြိုးအစင်းတစ်ရာလောက်ပစ်ချလိုက်သလို ခံစားလိုက်ရတယ်

မနက်ကလေးတင် Baekhyunနဲ့ ပြုံးပြုံးရွှင်ရွှင် စကားပြောနေခဲ့တဲ့ Appa ဟာ နာရီပိုင်းလေး အတွင်းမှာ ဒီလိုမျိုး ကြုံတွေ့ရလိမ့်မယ်လို့ ဘယ်သူကထင်ထားခဲ့မှာလဲ???

တီဗွီဖန်သားပြင်မှာ ပေါ်လာတဲ့ ပုံရိပ်တွေကို မြင်တိုင်း Baekhyun ယူကြုံးမရဖြစ်မြဲ
companyနှစ်ပတ်လည်အတွက်
မိန့်ခွန်းကို အဲ့ဒီ့နေရာလေးမှာ ရပ်ပြီး စကားပြောနေခဲ့သော Appaပေါ်ကို ပြုတ်ကျခဲ့တဲ့ မီးဆိုင်းကြီးကြောင့်...
Appaလည်းရှောင်တိမ်းချိန်မရလိုက်သလို
အဖြစ်အပျက်တွေ ကလျင်မြန်လွန်းလို့ပါ

ခေါင်းထက်တခြားကိုယ်လက် အစိတ်အပိုင်းတွေပြင်းထန်စွာ ထိခိုက်သွားတဲ့ အတွက်
နာရီပေါင်းများစွာ ခွဲစိတ်ခန်းထဲမှာ အသက်လုခဲ့ရတဲ့ အပြင် ခွဲစိတ်ခန်းအပြင်ရောက်လာပြီး ၇ရက်မြောက်နေ့အထိ သတိပြန်လည်မလာသေးတာ

Baek:Appa ပြန်သတိရလာရမယ်နော်

အောက်စီဂျင် ပိုက်တန်းလန်းနဲ့ ပတ်တီးတွေ အဖွေးသားနဲ့ Appaကို မြင်ရတာ Baekလုံးဝ ခံနိုင်ရည်မရှိပါ

Chanyeol:Baekရယ် Appaက သေချာပေါက်ပြန်သတိရလာမှာပါ စိတ်မပူနဲ့နော်

Baekငိုနေတော့ Yeolက ဖက်ထားပြီး နှစ်သိမ့်ပေးနေရင်း
သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေမိသည်
အခု Yixing သတိမရတာ တစ်ပတ်ပဲရှိပြီ companyမှာ ပွက်လောတွေရိုက်နေပြီ
အဆိုးဆုံးကတော့ မတော်တဆမှုက အားလုံးရှေ့မှာ လူသိရှင်ကြားဖြစ်သွားတဲ့ ကိစ္စဆိုတော့ အသက်အန္တရာယ်ပါရှိနေတဲ့ အခြေအနေဆိုတာ အကုန်လုံး သိနေကြတယ်

ဒီတိုင်းနေမကောင်းဖြစ်ရင်တောင် ဖုံးထားလို့ရတဲ့ကိစ္စမျိုးဆိုတော့
အမှုဆောင်တွေ ဒါရိုက်တာတွေက အနှေးနဲ့ အမြန် Yixingနေရာမှာ တစ်ယောက်ကို အစားထိုးဖို့ ကြိုးစားကြမှာ ဖိအားတွေပေးကြမှာ

ပိုဆိုးတာက အားလုံးက Yixingကို တညီတညွတ်ထဲ ဖြုတ်ချဖို့ ကြံနေကြမယ်ဆိုရင်
ရင်ဆိုင်ရမဲ့ ပြဿနာတွေက ဒုနဲ့ဒေး
Yixingနေရာကို ဘယ်သူအစားဝင်ပေးမှာလဲ
အတွေ့ အကြုံ မရှိသေးတဲ့ Baekhyunလား?

❤ မောင့်ချစ်သူ ❤Where stories live. Discover now