အပိုင်း ( ၁ )
တရိပ်ရိပ်ပြေးနေသောထန်းပင်များကိုဖြတ်ကျော်လျက်မှိုင်းညို့ညို့နှင့်လွမ်းမောဖွယ်တုရင်တောင်တန်းကို
လှမ်းမြင်မိတော့ ရှေးခတ်အင်ပါယာမြန်မာမင်းတို့စိုးစံရာမင်းနေပြည်တော် ပုဂံ ၏အငွေ့အသက် တွေကို စတင်၍ မဟာသွေး တစ်ယောက်ခံစားလာရသည်။
မဆုံးနိုင်အောင်ရှည်လျား ထိစပ်နေ သော ခြေက်သွေ့သွေ့လယ်ကွင်းများကိုမြင်ရပြန်တော့ ပုဂံအတိတ်ဟောင်းက တစ်နေ့တည်း နွားနှစ်ကောင်နှင့်လယ်တစ်ရှဥ့်း အပြီးထွန်နိုင်သော သူရဲကောင်း ငလုံးလက်ဖယ် ကိုမဟာသွေးသတိရမိသည်။တဆက်တည်း
လှမ်းမြင်နေရသောထန်းတောကြီးကိုငေးကြည့်ရင်း သူရဲကောင်းငထွေရူးတက်ခဲ့သောထန်းပင်များကိုရှာဖွေမိသည်။ထန်းပင်တစ်ထောင်ကိုအပင်ချင်းကူးတတ်ပြီးနေ့ချင်းပြီးထန်းသီးလှီးနိုင်သော အံ့မခန်း သူုရဲကောင်းတစ်ယောက်။
ပူပြင်းသောရာသီ၏ရိုက်ခတ်မှုကြောင့်မဟာသွေးတစ်ယောက်ရေဆာလာသည်။ပါလာသောရေသန့်ဘူးမှရေကို တစ်ကျိုက်လောက်မော့သောက်လိုက်သည်။ဒီအချိန်ဧရာဝတီမြစ်အတွင်းဆင်းပြီးရေစိမ်လိုက်ရရင်တော့..ဟုတွေးရင်းပြုံးမိသည်။ဧရာဝတီအကြောင်းတွေးမိပြန်သော် ကြံ့ခိုင်ပြီး အားအင်ကြီးမားသော ပုဂံ သူရဲံကောင်း ရေကူးချန်ပီယံကြီး ညောင်ဦးဖီး ကိုအမှတ်ရမိသည်။ အလွန်တရာ မှတန်ခိုး အာဏာကြီးမားသောရှေးမြန်မာ ပုဂံအင်ပါယာကိုတည်ထောင်ခဲ့သူ အနော်ရထာမင်းကြီးနှင့်သူရဲကောင်းကြီးမင်းကျန်စစ်တိွု့ကိုလည်း တမ်းတလွမ်းမောမိသည်။ရွှေရောင်လွှမ်းသောထိုနေ့ရက်တို့၌ မင်းကြီးနှင့်အပြိုင်ရယ်မောပျော်ရွှင်နေသော သူရဲကောင်းစစ်သူကြီးလေးယောက်တို့၏ပီတိဖုံးနေသောမျက်နှာများသည် မဟာသွေး စိတ်တွင်ထင်ထက်ရှားရှားပေါ်လွင်လာသည်။
YOU ARE READING
အနှိုင်းမဲ့နှလုံးသား
Short Storyကျွန်တော့်ဘဝရဲ့ဝမ်းသာမှုဝမ်းနည်းမှုတွေအားလုံးကိုစွန့်လွှတ်ပြီးခင်ဗျားအတွက်ပဲပေးဆပ်ခဲ့တယ်ဆိုတာနားလည်ပေးသင့်တယ်ကိုမာန်