အနှိုင်းမဲ့နှလုံးသား

211 19 2
                                    


အခန်း ( ၁၄ )

" အ​ရေးကြီးကိစ္စဆိုတာဘာလဲ ကိုမာန်​ "

မဟာ​သွေး ကကားကိုဂရုတစိုက်​​မောင်း​နေရင်း ရာဇမာန်​ ကို​မေးလိုက်​သည်​။

"အင်း..."

ရာဇမာန်​ ​ခေါင်းငြိမ့်​ပြပြီးဆက်​မ​ပြော​သေးပဲကားမှန်​မှတဆင့်​အပြင်​ဘက်​မြင်​ကွင်းကို​ငေး​မောကြည့်​​နေသည်​။မဟာ​သွေး လည်းဘာမှထပ်​မ​မေးပဲကားကိုသာအာရုံစိုက်​​မောင်းနှင်​​နေသည်​။မနက်​မိုးမလင်းခင်​ကထဲကမန္တ​လေး ကိုအ​ရေးတကြီးသွားစရာကိစ္စရှိသည်​ဟုရာဇမာန်​ဖုန်းဆက်​​ခေါ်၍မဟာ​သွေးမှာအိပ်​​ရေး​တောင်​ဝဝမအိပ်​ရ။ကမန်းကတန်းပြင်​ဆင်​ပြီးထွက်​လာရသည်​။ရောက်​တော့လည်းရာဇမာန်​မှာအဆင်​သင့်
ဖြစ်​မ​နေပြန်​။စိတ်​ဖိစီး​လေးလံ​နေပုံ​ပေါက်​၍မဟာ​သွေးမှာစိတ်​ပူပန်​ရပြန်​သည်​။အ​ကြောင်းရင်း​မေးသော်​လည်းမ​ဖြေ။
စကား​တောင်​ဟဟမ​ပြော။ မဟာ​သွေးကရာဇမာန်​ကိုစိတ်​မချ၍ကားကိုသူကိုယ်​တိုင်​ပဲ​မောင်းနှင်​ခဲ့သည်​။ရာဇမာန်​တစ်​​ယောက်​က​တော့အပြင်​ဘက်​ကို​ငေး​ကောင်းတုန်း။
ဘာကိစ္စမှန်း​ရေ​ရေရာရာ​မဟာ​သွေးမသိ။ရာဇမာန်​စိတ်​အ​နှောက်​အယှက်​ဖြစ်​မည်​စိုး၍​သေချာ​အောင်​​တော့မ​မေးမိ။ကိစ္စတစ်​ခုခုရှိ​နေသည်​မှာ​သေချာသည်​။ရာဇမာန်​​ပြောပြသည့်​အချိန်​ကိုသာ​စောင့်​​​နေလိုက်​တာ​ကောင်းမည်​ဟုမဟာ​သွေး​တွေးလိုက်​သည်​။

"မဟာ​သွေး"

"​ဗျာ ကိုမာန်​ "

တွေး​နေတုန်းရှိ​သေး။ရာဇမာန်​ရုတ်​တရက်​​ခေါ်သ
ံ​ကြောင့်​မဟာ​သွေးလန့်​သွားသည်​။ရာဇမာန်​က​တော့မဟာ​သွေးအဖြစ်​ကိုသတိထားမိပုံမ​ပေါ်။

"မဟာ​သွေး "

"​ပြောစရာရှိရင်​​ပြော​လေကိုမာန်​ လမ်းခရီးလည်း​တော်​​တော်​​ရောက်​လာပြီ ခုထိဘာကိစ္စမှန်း​ရေ​ရေရာရာကျွန်​​တော်​မသိရ​သေးဘူး​လေ"

"ငါ​ပြောရင်​မင်းစိတ်​ဆိုးမှာလား"

"​အော်​ စိတ်​ဆိုးစရာလူ​တွေလား ကိုမာန်​"

အနှိုင်းမဲ့နှလုံးသား Where stories live. Discover now