အနှိုင်းမဲ့နှလုံးသား

195 20 0
                                    


အပိုင်း ( ၁၁ )

နွေ​နေ့၏​နေပူကိုအံတုလျက်​တစ်​ဆူဝင်​တစ်​ဆူထွက်
ဖြင့်​ဘုရားဖူးများအားလုံး ပုဂံရှိဘုရားများကိုဖူး​မျော်​ကြည်​ညိုလျက်​ရှိသည်​။
ထုမှာဓမ္မရံ၊ ဥာဏ်​မှာသဗ္ဗညု ၊အနုမှာအာနန္ဒာဟုဆိုရိုးပြုရ​လောက်​​အောင်​ ထုထည်​ကြီးမားခန့်​ထည်​လှ​သော​နေရာ၌ထင်​ရှား​ကျော်​​စောလှ​သော ဓမ္မံရံကြီး ဘုရား​ပုထိုး​အတွင်းပိုင်း၌မဟာ​သွေးနှင့်​အတူဘုရားဖူးအဖွဲ့​ရောက်​ရှိဖူး​မျှော်​​နေကြသည်​။

" တူ....တူု... တူ "

"​ကောင်​​လေး..မင်းဖုန်းလာ​နေတယ်​"

ဘုရားဖူး​နေတုန်းမို့မဟာ​သွေးဖုန်းမြည်​သံကိုသတိမထားမိ။စောထီး​ဖော​ပြောမှ မိမိ၏ဂျင်း​ဘောင်းဘီ​နောက်​ဘက်​အိတ်​ထဲ၌ထိုးထည့်​ထား​သော ဟန်းဖုန်းကိုမဟာ​သွေးဆွဲယူလိုက်​သည်​။ဆက်​သည့်​ဖုန်းနံပါတ်​ကစိမ်း​နေ၍ဘယ်​သူဆက်​မှန်း​တော့ခန့်​မှန်းမရ။

" ဟဲလို ​ပြောပါကျွန်​​တော်​မဟာ​သွေးပါ "

"....."

တခြားဘက်​မှပြန်​​ပြောသံမကြားရ။

"ဟဲလို ဘယ်​သူလဲ​ပြောပါ"

"....."

တခြားဘက်​မှနား​ထောင်​​နေသည်​ဟုထင်​ရ​သော်​လည်း​ဖြေသံမကြားရ။မဟာ​သွေးစိတ်​ထင့်​သွားသည်

"ကိုမာန်​လား ကိုမာန်​ဆက်​​နေတာလား"

မဟာ​သွေး၏​​မျော်​လင့်​ချက်​ကတစ်​ဖက်​ကဖုန်းချသံ
ကြားသည့်​အချိန်​တွင်​မ​ရေရာမ​သေချာဖြစ်​သွားခဲ့သည်​။ဖုန်းပြန်​​ခေါ်ကြညိ့​တော့စက်​ပိတ်​ထား​လေပြီ။

"ဟူး"

သက်​ပြင်း​မောတစ်​ခုသာမဟာ​သွေးချလိုက်​မိသည်​။စိတ်​ထဲတွင်​အ​တွေး​ပေါင်းများစွာဝင်​​ရောက်​​မွှေ​နှောက်​​နေသည်​။

"​ကောင်​​လေး ​နေ​ကောင်းရဲ့လား"

မဟာ​သွေး၏ငိုင်​​တွေသွား​သောအ​ခြေအ​နေ​ကြောင့်​​စောထီး​ဖောကစိုးရိမ်​စွာလှမ်း​မေးသည်​။မဟာ​သွေးက​စောထီး​ဖောအား​ခေါင်းသာငြိမ့်​ပြလိုက်​ရသည်​။မိမိရင်​ထဲရှုပ်​​ထွေး​နေသည်​။
အ​လောင်းစည်​သူမင်းကြီးတည်​ထားကိုးကွယ်​ခဲ့​သောသဗ္ဗညုဘုရား​ရောက်​ပြန်​​တော့ဘုရားပတ်​ပြီးကား​ပေါ်သာပြန်​တက်​ခဲ့ရသည်​။စိတ်​နှင့်​လူနှင့်​မကပ်​​သေး။ စူဠာမဏိ​စေတီ​တော်​ဘက်​​ရောက်​​တော့ ​နေပင်​အ​တော်​​စောင်း​နေပြီ။
ဘုရားကိုလိုက်​ပတ်​ဖူး​နေပါ​သော်​လည်းမျက်​​မှောင်
ကြုံ့လိုက်​ ​ခေါင်းကဆံပင်​​တွေကိုဖွလိုက်​ ဟန်းဖုန်း ကိုနှိပ်​လိုက်​နားကပ်​​ထောင်​လိုက်​ဖြင့်​အလွန်​တရာအလှုပ်​ရှုပ်​​နေ​သောမဟာ​သွေးကို​စောထီး​ဖောကြည့်​ရင်းပထမ​တော့ရယ်​ချင်​မိသည်​။နောက်​​တော့ဂရုဏာသက်​မိ​သော​ကြောင့်​ဘာမှမ​ပြောဖြစ်​​တော့။
တ​ဖြေး​ဖြေးနှင့်​ပတ်​ဝန်းကျင်​တစ်​ခွင်​​မှောင်​ရိပ်​သန်းစ
ပြုလာ​ပေပြီ။

အနှိုင်းမဲ့နှလုံးသား Where stories live. Discover now