အနှိုင်းမဲ့နှလုံးသား

137 8 3
                                    


အပိုင်း ( ၁၇ )

"ဟင်း.."

လက်​မှနာရီကိုငုံ့ကြည့်​ရင်းရာဇမာန်​သက်​ပြင်းတစ်​ချက်​ချလိုက်​သည်​။မ​ကျေနပ်​​သေး၍တိုင်​ကပ်​နာရီကိုတစ်​ချက်​လှမ်းကြည့်​မိလိုက်​သည်​။ဆယ်​နာရီတိတိကိုမမှားတမ်းညွှန်​ပြ​နေ​သောနာရီတို့ကိုကြည့်​ရင်းမျက်​​မှောင်​တစ်​ချက်​ကြုံ့လိုက်​မိသည်။နာရီကြည့်​​နေရတာအားမရ​သေး၍ရာဇမာန်​ဖုန်းခလုတ်​များကိုဆက်​တိုက်​နှိပ်​သည်​။ဖုန်းအသံပြန်​လာသည်​ကဆက်​သွယ်​​ရေး​ရေိယာပြင်​ပ။ထပ်​ကာထပ်​ကာနှိပ်​​နေ​သော်
လည်းထူးမလာ။ဆက်​တိုက်​ကြိုးစားဆက်​ရင်းတစ်​ဖက်​ဖုံးမှာစက်​ပါပိတ်​သွားသည်​။

"ဟင်း"

ရာဇမာန်သက်​ပြင်းအခါခါသာချမိ​တော့သည်​။ဘာဆက်​လုပ်​ရမှန်းမသိ​သေး။သူ့ဆီဖုန်းဝင်​လာမလားပဲ​စောင့်​ကြည့်​​နေရသည်​။ညသည်​တစ်​ဖြေး​ဖြေးနက်​​မှောင်​လာသည်​။
မဟာ​သွေးတစ်​​ယောက်​​တော့အပြန်​​နောက်​ကျ​နေ​သည်​။မဟာ​သွေးမှာမြ​ဒေဝီနှင့်​စစ်​ကိုင်းဘက်​ကိုမနက်​​စော​စောပိုင်းကတည်းကထွက်​သွားခဲ့တာဖြစ်​သည်​။သူက​တော့​ရေချိုးမှားပြီးဖျား​နေ​သော​ကြောင့်​​ဟိုတယ်​တွင်​နေခဲ့ခြင်းဖြစ်​သည်​။စော​စောပြန်​လာမည်​ဟုမဟာ​သွေးမှာထား၍ညစာမစားပဲ​ရာဇမာန်​တစ်​​ယောက်​​စောင့်​ဆိုင်း​နေခဲ့ခြင်းဖြစ်​သည်​။မြ​ဒေဝီ၊မဟာ​သွေးနှင့်​ရာဇမာန်​တို့သုံး​ယောက်​မှာဟိုဟိုဒီဒီသွားလာလည်​ပတ်​​တွေ့ဆုံရင်းအချိန်​တိုအတွင်းအ​တော်​အတန်​ရင်းနှီးလာခဲ့ကြပြီဖြစ်​သည်​။ရာဇမာန်​မှာ
မြ​ဒေဝီကိုတွေ့စကတည်းကစိတ်​ဝင်​စားခဲ့​သော်​လည်း​နောက်​ပိုင်းမှာမဟာ​သွေး​ကြောင့်​​​ရှေ့ဆက်​တိုးဖို့မကြိုးစား​တော့ပဲမိမိ၏ဆန္ဒကိုမြို သိပ်​သိမ်းဆည်းထားလိုက်​သည်​။မြ​ဒေဝီဘက်​ကမဟာ​သွေးအ​ပေါ်မှာသာအားသာ​နေသည်​ကိုလည်းရာဇမာန်​သ​ဘော​ပေါက်​ထားသည်​။မဟာ​သွေးမှာမြ​ဒေဝီကိုစိတ်​ဝင်​တစားရှိ​နေ​သော်​လည်းမိမိ​ကြောင့်​ချီတုံချတုံဖြစ်​​နေပုံရသည်​။သုံး​ယောက်​မှာနှစ်​​ယောက်​စိတ်​ဆင်းရဲရမယ့်​အစားမိမိတစ်​​ယောက်​ပဲစိတ်​ဆင်းရဲခံတော့မည်​ဟုရာဇမာန်​တစ်​​ယောက်​ဆုံးဖြတ်​ထားသည်​။
သူငယ်​ချင်း​လေးမဟာ​သွေးကိုဘယ်​သူနဲ့မှသ​ဘောမတူချင်​​သေး​ပေမယ့်​စိတ်​ချမ်းသာ​စေချင်​သည်​။မဟာ​သွေးနှင့်​သူကြားတော်​ရုံတန်​ရုံသံ​ယောဇဉ်​မဟုတ်​သည့်​အတွက်​မိန်းက​လေးကိစ္စနှင့်​အချင်းမများချင်​။မြ​ဒေဝိ၏စွဲလမ်းဖွယ်​ရူပါရုံကသူ့အားလွှမ်းမိုး​နေပါ​သော်​လည်းမဟာ​သွေးအတွက်​အားလုံးကိုလျစ်​လျူ
ရှု​ရန်​ရာဇမာန်​ဆုံးဖြတ်​ပြီးဖြစ်​သည်​။
သို့ပါ​သော်​လည်းအစစအရာရာလိုက်​​ရောခွင့်​လွှတ်​ထား​၍အခွင့်​​အရေးအရမ်းယူသည်​ကို​တော့ရာဇမာန်​သ​ဘောမကျ။မိန်းက​လေးတစ်​ဦးနှင့်​ညဉ့်​နက်​အထိ​နေပြီးပြန်​မလာ​သေးသည်​ကိုလည်းစိတ်​ပူမိသည်​။
မိန်းက​လေးတစ်​​ယောက်​၏သိက္ခာမထိခိုက်​​စေရန်​မဟာ​သွေးထိန်းသိမ်း​စောင့်​​ရှောက်​​ပေးရမည်​ဟုရာဇမာန်​ယူဆသည်​။
အခုလို​​နောက်​ကျ​နေရသည့်​အ​ကြောင်းရင်းကိုလည်း
အချိန်​မီအသိ​ပေးသင့်​သည်​ဟုလည်းထင်​သည်​။ရာဇမာန်​စဉ်းစားမှုများစွာဖြင့်​​အိပ်​ခန်းအတွင်း​ခေါက်​တုံ့​ခေါက်​ပြန်​လမ်း​လျှောက်​လိုက်​ကုတင်​​ပေါ်ထိုင်​လိုက်​လှဲလိုက်​လုပ်​​နေသည်​။

အနှိုင်းမဲ့နှလုံးသား Where stories live. Discover now