အနှိုင်းမဲ့နှလုံးသား

312 28 4
                                    


အပိုင်း ( ၁၅ )

"အိုး..ဒုက္ခပါပဲ.."

လှိုက်​ဖိုတုန်​ယင်​​သောရင်​အစုံကိုဖိထားရင်းမြ​ဒေဝီတစ်​​ယောက်​ငြီးငြူ မိလိုက်​သည်​။
အိပ်​ခန်းထဲအမြန်​​ပြေးဝင်​တံခါးပိတ်​လိုက်​ပြီးအိပ်​ရာ
ပေါ်ပစ်လှဲချရင်းမျက်​စိစုံမှိတ်​မိလိုက်​​တော့စိတ်​သက်​သာသလိုဖြစ်​သွား​သော်​လည်းမ​နေ့ကကိစ္စအဖြစ်​အပျက်​တို့ကိုပြန်​လည်​မြင်​​ယောင်​လာသည်​။မိခင်​ဖြစ်​သူ​ဒေါ်​ဆွေ​ဆွေကသူမ​နေထိုင်​ရာမန္တ​လေးသို့မကြာမီရန်​ကုန်​မှသတို့သား​လောင်းလာ​ရောက်​မည်​ဟူ​သောစကား​ကြောင့်​အ​တော့်​ကိုစိတ်​ညစ်​​နေခဲ့သည်​။
မ​နေ့က​တော့ရန်​ကုန်​မှဧည့်​သည်​များ​ရောက်​လာ
ပြီဆို၍စိတ်​မပါလက်​မပါနှင့်​ဝတ်​​ကျေတန်း​ကျေနုတ်​ဆက်​ရန်​သာသ​ဘောထားပြီးဆင်းလာခဲ့ရသည်​။ကိုယ်​တိုင်​လည်းဘာမှအဆန်းတကြယ်​မပြင်​ဆင်​ထားခဲ့။ဧည့်​ခန်း​ရောက်​မှအ​တွေးများအားလုံး​ပြောင်းလဲသွားခဲ့ရသည်​။ချက်​ချင်းအခန်းထြဲပန်​ဝင်​ပြီးအလှဆုံးဖြစ်​​နေ​အောင်​ပြင်​ဆင်​ချင်​စိတ်​​ပေါ်​ပေါက်​လာခဲ့သည်​။စိတ်​​တွေဂ​ယောက်​ဂယက်​ဖြစ်​​အောင်​ပြုစားသွား​ချေပြီ။အချစ်​ဆိုတာဒါမျိုးပဲလား။

"သူ..ရယ်​"

မြေ​ဒေဝီတစ်​​ယောက်​မချိတင်​ကဲ​ရေရွတ်​မိသည်သူမ၏စိတ်​အစဉ်​အားလုံးကိုညို့ငင်​ဖမ်းစားသွား​သောသူ၏ရုပ်​လွှာ။ယောက်​ကျား​လေးတန်​မဲ့​ချော​မော​ပြေပြစ်​မှုက​ပြောစရာမရှိ။နက်​​မှောင်​​သောမျက်​ခုံး
တန်းတန်း​​တွေ​အောက်​ကလျို့ဝှက်​နက်​နဲစွာစွဲ​ဆောင်​လွန်း​သောမျက်​ဝန်းနက်​တစ်​စုံ၊ပြုံးတုံ့တုံ့နှင့်​ညှို့နိုင်
်​လွန်း​သောပတ္တမြား​ရောင်​နီ​ထွေး​ထွေးနုတ်​ခမ်း၊ ဝင်းဝါစိုပြေ​သောအသားအ​ရေတို့ကသူ၏ရုပ်​သွင်​ကိုတင့်​တယ်​စေသည်​။၊အဝါနု​ရောင်​ကိုယ်​ကျပ်​တီရှပ်လေးကကျစ်​လစ်​​သောခန္တာကိုယ်​နှင့်​လိုက်​ဖက်​လျက်​၊​။အလွန်​အမင်းကြည့်​​ကောင်း​လေခြင်း။
အ​မေဖြစ်​သူ​ဒေါ်​ဆွေ​ဆွေကရာဇမာန်​နှင့်​သူမကိုမိတ်​ဆက်​​ပေးတာ​တောင်​ဂရုမထားမိ။သူမ၏သတို့သား​လောင်းလျာရာဇမာန်​လည်းရုပ်​ရည်​က​ခေသူမဟုတ်​၊အသားညိုညက်​ညက်​နှင့်​​ယောက်​ကျားပီသသူတစ်​ဦးပင်​။သို့​သော်​သူမ၏နှလုံးသားကိုဆွဲယူသိမ်းပိုက်​သွားသူုက​တော့ရာဇမာန်​မဟုတ်​ခဲ့။သူမ၏စိတ်​တို့ကရာဇမာန်​​ဘေးရှိထိုင်​​နေသူဆီကိုသာစိတ်​​ရောက်​​နေမိသည်​။သူဘယ်​သူလဲ၊နံမည်ဘယ်​လိုလဲ​​ပေါ့။အိမ်​​ထောင်​ရှိလား၊ဒါမှမဟုတ်​ရည်းစားများရှိ​နေမလား​ပေါ့။အ​တွေးများစွာဖြင့်​သူ့ကိုသာ​ငေးကြည့်​​နေမိခဲ့သည်​။အသက်​မဲ့သွားသလိုပင်​။ရာဇမာန်​၏အရင်းနှီးဆုံးသူငယ်​ချင်း၊သူ့နံမည်​ကမဟာ​သွေး..တဲ့။ရာဇမာန်​မိတ်​ဆက်​​ပေး​တော့သူကဧည့်​ဝတ်​​ကျေရုံ​လေးပြုံးပြ​ခေါင်းငြိမ့်​သည်​။ သူမကအင်းမလုပ်​အဲမလုပ်​မိပဲသူ့ကို​ငေးကြည့်​​နေမိ​တော့မဟာ​သွေးဆိုတဲ့သူကသူ့​ခေါင်းကဆံပင်​​တွေကိုဖွရင်းပြုံးတုံ့တုံ့နှင့်​မျက်​လွှာ​အောက်​ချမျက်​နှာလွှဲသွားခဲ့သည်​။သူမက​တော့မဟာ​သွေးကို​​ကြောင်​​ငေး​နေမိသည်​။သူမ၏မိခင်​ကလက်​တို့သတိ​ပေးလိုက်​မှအသိဝင်​​တော့သည်​။သူမရှက်​ရွံ့စွာမျက်​နှာတစ်​ခုလုံးပူရှိန်းရှိန်းနှင့်​ခံစားသွားခဲ့သည်​။မဟာ​သွေးဆိုတဲ့သူ့ကိုမသိမသာပြန်​အကဲခတ်​ကြည့်​မိ​တော့​အောက်
ကြမ်းပြင်​ကိုစူးစူးစိုက်​စိုက်​ကြည့်​​နေရင်းငုံ့ထားသည့်​​ခေါင်းပြန်​​မော့မလာ​တော့။

အနှိုင်းမဲ့နှလုံးသား Where stories live. Discover now