My Heart
Kray (Yaoi)
Intro
ကျွန်တော် ဆိုင်ကယ်ကို အားကစားရုံရှေ့မှာ ရပ်ထားပြီး luhan ရှိရာသို့ သွားနေစဉ်
Luhan က ကျွန်တော့အချစ်ဆုံးသူငယ်ချင်း သူက မိန်းကလေးလိုလှပြီး သူ့ကိုယ်သူ manly လို့အပြည့်ယုံကြည့်ထားတဲ့သူ
အခုသူဘောလုံးကန်နေတာ ကျွန်တော်သူ့ကိုစာအုပ်တွေပေးဖို့သူ့စီလာနေတာပါ
"တုတ်"
"အာ့"
ကျွန်တော် လမ်းလျှောက်နေရင်းတစ်စုံတစ်ခုကျွန်တော့ ခေါင်းပေါ်ပြုတ်ကျလာတယ် ကျွန်တော် တခါတည်းမူးသွားတာပဲ ခဏနေတော့ ရုပ်ချောချောအရပ်မြင့်မြင့်နဲ့ တစ်ယောက်ကျွန်တော့နားရောက်လာတယ် သူအရမ်းချောတယ် နတ်သားလေးလိုပဲ
သူ့နာမည်က Kris တဲ့ တစ်ကျောင်းလုံး King ဖြစ်သလို basketball အသင်းရဲ့ခေါင်းလည်းဖြစ်တယ် ကောင်မလေးတွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေတဲ့သူပေါ့
သူက Luhan ရဲ့သူငယ်ချင်း သူက အင်ဂျင်နီယာ ကျွန်တော်တို့က ဆေး ကျွန်တော်တို့အားလုံးဒုတိယနှစ်တွေပဲ
Kris : တောင်းပန်ပါတယ် ဘာဖြစ်သွားသေးလဲ
Kris စိတ်ပူစွာမေးနေပေမယ့်လည်း Lay ဘာမှပြန်မပြောပဲ Kris ကိုသာငေးကြည့်နေတယ် Kris တောင် Lay ကို မျက်မှောင်ကြုံ့ယူရတယ်
Kris : ဘာဖြစ်သွားတာလဲ ဦးနောက်များထိသွားတာလား
Lay : ဘာ ... ဘာမှမဖြစ်ပါဘူး ခေါင်းမူးသွားလို့ပါ
Lay ပြောပြီး Kris ကို အရှက်ပြေရယ်ကြဲကြဲနဲ့ရယ်ပြလိုက်တယ်
Kris လည်းဘာမှမပြောပဲ ခေါင်းငြိမ့်ပြလိုက်ပြီး basketball ကိုငုံ့ကောက်ပြီး
Kris : ဘာမှမဖြစ်ရင်လည်းကောင်းပြီ
Kris ပြောပြီး သူ့တို့ကိုအစကတည်းကရပ်ကြည့်နေတဲ့ သူ့သူငယ်ချင်းနှစ်ယောက်စီပြေးသွားလိုက်တယ်
Kris သူငယ်ချင်းတွေက basketball သမားလို့မပြောရဘူး အရပ်မြင့်မြင့် ချောချောလေးတွေပဲ
သူငယ်ချင်းစီပြေးသွားနေတဲ့ Kris ကို Lay က မျက်မှန်ထူထူအောက်ကနေငေးကြည့်နေမိတယ်
Yeol : Kris ဟိုမှန်ကြောင် ဘာဖြစ်သွားသေးလဲ
(ကြည့်ရတာ Lay Kris ကို ကြိုက်နေတာထင်တယ် Kris ကိုလိုက်ကြည့်နေတဲ့အကြည့်က မရိုးသားဘူး )Kris : ဘာမှမဖြစ်ဘူး ... စိတ်ညစ်ပါတယ်ကွာ ငါမေးတာပြန်ဖြေဖို့အရေးအကြာကြီးစောင့်ယူရတယ် ပြီးတော့ငါ့ကိုကြည့်နေတာ မျက်တောင်တောင်မခတ်တော့ဘူး
Kris စိတ်ညစ်ညစ်နဲ့ပြောတော့
Sehun : အဲ့ဒါ Luhan ရဲ့သူငယ်ချင်းနော်
Kris : အဲ့တော့ ? ငါကသိရမှာလား ?
Yeol : ချစ်စရာကောင်းတဲ့သူတွေဝင်လာရင်တော့ ပါပါသွားပြီမှ Lay ကိုကျတော့ ချန်ထားခဲ့တယ်
Kris : ငါက ချောချောလှလှမှကြိုက်တာ ပုံတုံးကြီးဆိုမကြိုက်တတ်ဘူးကွာ
ပြောပြီး တစ်ဖွဲ့လုံးဝိုင်းရယ်ကြတယ်
အမှန်တိုင်းပြောရမယ်ဆိုရင် ကြည့်ကောင်းတဲ့သူကို သဘောကျတာက သဘာဝပါပဲ လူတိုင်းဟာ စစတွေ့ချင်းဆို ရုပ်ရည်ကိုအရင်ကြည့်ကြတာပဲ ပြီးမှ စိတ်နေစိတ်ထားအကျင့်တွေကိုလေ့လာကြတယ်
Kris ဟာလည်း သာမန်လူသားတစ်ယောက်ပါပဲလေ ချောချောလှလှလေးတွေကြိုက်တာမဆန်းပါဘူး သူကလည်း ရုပ်ချောသဘောကောင်းပြီး ချမ်းသာတဲ့အတိုင်းအဝိုင်းကဆိုတော့ ရွေးချယ်စရာတွေတန်းစီနေတာပဲပေါ့ ချောချောလှလှကောင်မလေးတွေဟာ သူ့အိမ်မှာအလှစိုက်ထားတဲ့ပန်းတွေလို လိုချင်တဲ့ချိန်ခူးယူပြီး မလိုချင်တဲ့ခါလွင့်ပစ်လိုက်ရုံပဲ
လူတိုင်းကပြောကြတယ် Kris မှာ နှလုံးသားမရှိဘူးတဲ့
******* My Heart *******
အမှားပါရင် miyanae
#XingKham
