Ep - 7
Kris အိပ်ရာ ပေါ်လှဲအိပ်ပြီး နဖူးပေါ်လက်တင်ကာ မျက်နှာကျက်ဖြူဖြူကိုစိုက်ကြည့်နေရင်း ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုပြန်တွေးနေတယ် တခါတခါ သူ့သူငယ်ချင်းနဲ့ လောင်းထားတဲ့ ကစားပွဲကို ဖျက်သိမ်းပစ်ချင်တယ်
" Ring Ring "
ဖုန်းမြည်သံကြောင့် Kris အတွေးစတွေကို ဖယ်ထုတ်ပြီး ဖုန်းကို ကောက်ကိုင်ကြည့်လိုက်တော့
" Lay "
ဖုန်း Screen မှာပေါ်လာတဲ့ နာမည်ကြောင့် Kris သက်ပြင်းချလိုက်တယ် Lay ရဲ့ ဖုန်းကို ကိုင်ရမလား မကိုင်ရဘူးလား လို့ စိတ်နှစ်ခွဖြစ်နေတယ်
စိတ်တစ်ခု က Lay များတစ်ခုခု ပြောစရာရှိလို့လား ?
စိတ်တစ်ခုက ဖုန်းကိုင်လိုက်ရင် ပိုစိတ်ညစ်နေမလား ?Kris : ဘယ်လိုလုပ်ရင်ကောင်းမလဲ ?
Kris ကိုယ့်ကိုယ်ကိုပြောပြီး
Kris : Hello
[ Lay : Hello Kris အိပ်ပြီလား ? ]
Kris : မအိပ်သေးဘူး
[ Lay : ဘာဖြစ်နေတာလဲ Lay ကို ပြောလို့ရတယ်နော် ]
တစ်ဖက်က စိတ်ပူသလိုမေးလာတော့ Kris ဘာပြောရမှန်းမသိဖြစ်သွားတယ် သူခေါင်းထဲမှာ အတွေးတွေ ဆက်တိုက်ဝင်လာနေတာကြောင့် ခုချိန်မှာ သူ့ဘေးမှာ တစ်ယောက်ယောက်လိုနေတယ် လေ
Kris : Lay Kris နဲ့ အပြင်ခဏသွားလို့ရမလား ?
ဖုန်းချပြီး ခဏနေတော့ Kris Lay ကို လာခေါ်ပြီး ကျောင်းနဲ့သိပ်မဝေးလှတဲ့ ကစားကွင်းသို့ ခေါ်သွားလိုက်တယ်
ကားထဲမှာလည်း တစ်လမ်းလုံးတိတ်နေသလို ကစားကွင်းမှာ ရပ်နေတဲ့ ကောင်လေးနှစ်ယောက် စကားတစ်ခွန်းမှမပြောကြပဲ တစ်ယောက်က အဝေးကိုငေးကြည့်နေတယ် တစ်ယောက်ကတော့ သူချစ်ရတဲ့သူကို နားမလည်စွာကြည့်နေတယ်
Lay : ချမ်းတယ်နော်
Lay က သူတို့နှစ်ယောက်ကြား တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တယ်
Kris : inn
Kris ပြန်သာပြောတာ Lay ဘက်လုံးဝလှည့်မလာခဲ့
ဘာကြောင့် Kris Lay ကို အပြင်ထွက်လာဖို့ ခေါ်လိုက်တယ်ဆိုတာ သူ့ကိုယ်သူတောင် နားမလည်ခဲ့ပါ
