My Heart (4)

752 75 6
                                        

Ep 4

ပျော်ရွှင်စရာ sunday ရောက်လာတော့ Lay နဲ့ သူ့သူငယ်ချင်းနှစ်ယောက် Lay အတွက်အဝတ်အစားရွေးနေကြတယ်

Lay : ဒီတစ်စုံဘယ်လိုလဲ

Lay ပြုံးကာ ပြောလာတော့
သူငယ်ချင်းနှစ်ယောက်က ခေါင်းခါပြီး

Baek : မကောင်းဘူး

Lay နောက်တစ်စုံယူလာပြီး

Lay : ဒါရော

" ......... "

သူငယ်ချင်းနှစ်ယောက် ဘာမှမပြော ခေါင်းသာခါနေလိုက်တယ်

Lay : ဟူးးး မကောင်းပြန်ဘူးလား

Lay သူကိုင်လာတဲ့အဝတ်ကို အဝေးကိုလွတ်ပစ်ပြီး စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ထိုင်လိုက်တယ်

Luhan က Lay စိတ်မကောင်းနေတာကို မကြည့်ရက်တော့

Lu : စိတ်မညစ်နဲ့ မင်းဝတ်ချင်တာ ဝတ်သွားလိုက် မင်းလည်းမင်းပုံစံနဲ့ ကြည့်ကောင်းနေတာပဲ

Baek : ငလု ပြောတာမှန်တယ် Kris မင်းကိုကြိုက်ရင် မင်းဘယ်လိုဝတ်ဝတ် သူကြိုက်မှာပဲ

အဲ့ခါကျမှ Lay ပြုံးလာပြီး သူငယ်ချင်းနှစ်ယောက်ကို ဖက်ကာ

Lay : ကျေးဇူးပဲနော် သူငယ်ချင်း

သူငယ်ချင်းနှစ်ယောက်လည်း Lay ပြန်ဖက်ထားလိုက်တယ်

Kris uni နားက ကော်ဖီဆိုင်တစ်ဆိုင်မှာ စိတ်ညစ်ညစ်နဲ့ Lay ကိုထိုင်စောင့်နေတယ် ဒီချိန်မှာ သူအချိန်တွေကို ရပ်တန့်ပစ်ချင်တယ် သူ Lay လို ပုံတုံးတုံးနဲ့ မသွားချင်ဘူး Lay မှာ စိတ်ဝင်စားစရာ အကွက် တစ်ကွက်မှာရှာမတွေ့ဘူး

ခဏနေတော့ ဝင်လာပါပြီ ကောင်လေးတစ်ယောက် မျက်မှန်အနက်ရောင်ထူထူနဲ့ အဝတ်အစားက " ဟူးးးးး " ပုံတုံး ပါပဲ

Lay : Kris ရောက်နေတာကြာပြီလား ?

Lay ပြောရင်း Kris ကို ပြုံးပြတယ်

Kris : နည်းနည်းတော့ ကြာပြီ

Kris ပြောပြီး ဘေးပတ်ပတ်လည်ကို လှည့်ကြည့်တော့ ကောင်မလေး ချောချောလေးတွေ တချို့လည်း သူတို့ကို ကြည့်ပြီး တိုးတိုး တိုးတိုး ပြောနေကြတာ တစ်ချို့လည်း သူတို့ကို ကြည့်ပြီး ရယ်နေတယ် Kris Lay နဲ့ ထိုင်ရတာ ရှက်လာတယ်

My Heart (Completed )Where stories live. Discover now