Ep - 16
Lay တို့အဖွဲ့ စာမေးပွဲဖြေခါနီးအချိန်လေးမှာ ၀ိုင်းဖွဲ့ပြီးစာကျက်နေကြတယ်
Lay အရင်အတိုင်း မျက်မှန်ကြီးကြီးပြန်တပ်ထားတယ်
မျက်ကပ်မှန်တပ်ရတာ သူ့အတွက်အဆင်မပြေလို့ မျက်မှန်ကိုပဲ ပြန်တပ်ထားလိုက်တယ်
အ၀တ်အစားကတော့ အရင်လိုပုံတုံးမ၀တ်တော့ပါဘူးBaek : ဒီကျောင်းပိတ်ရက်ရှည်ဘယ်သွားကြမှာလဲ ?
Lay : china ပဲ ပြန်သွားမယ်ထင်တယ် ဘယ်မှ မှ သွားစရာမရှိတာ
ဒီကျောင်းပိတ်ရက်ရှည်မှာ Lay သူဘယ်သွားရမှန်းမသိပါဘူး
တရုတ်ကိုပြန်ရအောင်လည်း သူ တရုတ်ကနေပြန်လာတာ သိပ်မကြာသေးတာကြောင့် သိပ်မပြန်ချင်ဘူး
မပြန်ပဲ ဒီမှာနေရအောင်လည်း သွားစရာမရှိပြန်Lu : ငါလည်း ... Lay နဲ့အတူလိုက်ပြန်မယ်ထင်တယ်
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိတဲ့ Chanyeol က
Yeol : ဘာတွေဆွေးနွေးနေကြတာလဲ?
အသံလာရာကို တစ်ဖွဲ့လုံးလှည့်ကြည့်လိုက်တော့ Chanyeol Baekhyun အနောက်မှာ ရပ်နေတယ် Kris Sehun Kai ကလည်း သူ့နောက်မှာရပ်နေတယ်
Baek : ရှည်တယ်
Baekhyun ပြောပြီး Chanyeol ကို မျက်စောင်းတစ်ချက်ထိုးလိုက်တယ်
Kris : ဒီကျောင်းပိတ်ရက် ကမ်းခြေ သွားကြရအောင်လေ
Kris Lay မျက်နှာကိုကြည့်ပြီးပြောကာ Lay ဘေးနားဝင်ထိုင်ပြီး Lay ကို ဖက်ထားလိုက်တယ်
Lay : သူများကိုမေးကြည့်လေ ဘာလို့ Lay ကိုလာမေးနေတာလည်း
Lay ရှက်ရှက်နဲ့ ပြောပြီး သူ့ပခုံးကိုဖက်ထားတဲ့ Kris လက်ကို ဖြုတ်ချလိုက်တယ်
Kai : ကောင်းသားပဲ ငါလည်းဘယ်သွားရမှန်းမသိဖြစ်နေတာ