Ep - 6
Lay စာသင်ခန်းထဲမှာ ဆရာ စာသင်နေတာကို ကြည့်ရင်း သူဘေးမှာထိုင်နေတဲ့ Luhan ကို လှည့်ကြည့်တော့ အိပ်ပျော်နေတာမြင်တော့
Lay : Luhan ထတော့ အတန်းချိန်ပြီးတော့မယ်
Lay အိပ်ပျော်နေတဲ့ Luhan ကို လှုပ်နိုးနေတယ်
Lu : inn ... အိပ်ချင်တယ်
ပြောပြီး တစ်ဖက်သို့ လှည့်ကာုပန်အိပ်သွားတယ်
Baek : နိုးမနေနဲ့ နိုးလည်းထမှာမဟုတ်ဘူး မနက်လင်းခါနီးမှ ပြန်လာတာ
Baekhyun Lay ကိုပြောပြီး အရှေ့ဘက်ကိုပြန်လှည့်သွားပြီး ဆရာစာသင်နေတာကို ဆက်နားထောင်နေတယ်
Lay : သူ မိုးလင်းခါနီးမှပြန်လာတာ မင်း ဘယ်လိုသိလဲ
အဲ့ချိန်မှ မင်းဘာထလုပ်တာလဲBaek : ဟိုကောင် ... ဘာမှမဟုတ်တော့ဘူး
Baekhyun တစ်ခုခုပြောထွက်လာတော့မလို့ပဲ ဒါပေမယ့် မပြောတော့ပဲ ထားလိုက်တယ်
Lay : မင်းလိမ်တယ်
Lay Baekhyun စိုက်ကြည့်ပြီးပြောတယ်
Baek : ငါ ဘာလိမ်လို့လဲ
Baekhyun ပြန်သာပြောတာ Lay မျက်နှာကို တည့်တည့်မရဲဘူး
Lay အ တဲ့သူမှမဟုတ်တာ Lay ရိပ်မိသွားနိုင်တယ် တစ်ဖွဲ့လုံးမှာ Lay အတော်ဆုံးလေ ဒါကြောင့် အဖွဲ့လိုက်လုပ်ရတဲ့ လုပ်ငန်းတွေဆို Lay ကိုပဲလုပ်ခိုင်းတာ Baekhyun နဲ့ Luhan ကတော့ အိပ်လိုက်စားလိုက်နဲ့ အမှတ်စောင့်ယူရုံပဲ
Lay : သိလို့ကတော့နော်
Lay Baekhyun ကိုပြောပြီး အရှေ့ဘက်ပြန်လှည့်သွားပြီး စာသင်တာ နားထောင်နေလိုက်တယ်
Baekhyun သက်ပြင်းတိုးတိုးလေးခိုးချလိုက်တယ်
Baek pov : တော်သေးလို့ပေါ့
* * *
Kris Computer Screenကိုသာစိုက် ကြည့်နေတယ်
Kai : ဘာလုပ်နေတာလဲ ?
Kris : လျှောက်ကြည့်နေတာ ဟိုနှစ်ကောင်ရော
Kai : အိမ်သာသွားကြတာ ခဏနေလာလိမ့်မယ်
Kai ပြောပြီး စားပွဲပေါ် တက်ထိုင်လိုက်တယ် ထိုင်ဖို့ထိုင်ခုံရှိရဲ့သားနဲ့ မထိုင်ဘူး Kai တို့များ စတိုင်ထုတ်ချင်တာလေ Kai စားပွဲမှာထိုင်ပြီး တခြား မေဂျာက ကောင်မလေးတွေကို ပြုံးပြနေတာ
![](https://img.wattpad.com/cover/118526262-288-k904970.jpg)