Ep - 9
" Kris Lay ကို မချစ်ဖူးဘူး "
" Kris နဲ့ Lay က ဘာပတ်သတ်မှုမှမရှိခဲ့ဘူး "
Lay Kris ကို လူနာလာမေးမယ်ဆိုပြီး တံခါးဖွင့်လိုက်ချိန် သူကြားလိုက်ရတဲ့ သူရင်းနှီးပြီးသား စကားသံကြောင့်
Lay မျက်လုံးအိမ်မှ မျက်ရည် များ အတားအစီးမရှိ စီးကျလာတယ်
Baek : Lay မငိုပါနဲ့
Baek Lay ကို သနားလွန်းလို့ သူပါလိုက်ငိုကာ Lay ကို ဖြောင်းဖျနေတယ် Kris Lay ကို တကယ်ချစ်မယ်လို့ သူထင်ထားတာ အခုတော့
Lay အခန်းတွင်းက သူနှစ်ယောက်ပြောနေတဲ့ စကားသံတွေကို ထပ်နားမထောင်နိုင်တော့တာနဲ့ အဲ့နေရာကနေ တိတ်တဆိတ်ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်
Lay အခန်းနဲ့ နည်းနည်းလှမ်းတဲ့နေရာရောက်မှ အပြင်ဘက်ကို ပြေးထွက်သွားတယ် မျက်နှာမှာလည်း မျက်ရည်များတသွင်သွင် စီးကျနေတယ်
အနောက်က ခေါ်နေတဲ့ သူငယ်ချင်းရဲ့အသံကိဂရုမစိုက်နိုင်တော့ဘူး
D.O : Lay ! Lay !
D.O ပြေးထွက်သွားတဲ့ သူငယ်ချင်းကို စိတ်လည်းပူတယ် သနားလည်းသနားတယ်
ဘာလို့ အဲ့လောက် အကျင့်ပုပ်ကြတာလဲ ? သူများအချစ်ကို ကစားရက်တယ် Kai သာ ဒီလိုလုပ်လို့ကတော့ နုတ်နုတ်စင်းပစ်မယ်
Luhan ဆုယူပြီးတော့ သူငယ်ချင်းတွေ ကိုလိုက်ရှာနေတာ မတွေ့ရတော့ Kris ကို လူနာလာမေးကြမှာ ထင်လို့ ကျောင်းဆေးခန်းဘက်လာလိုက်တာ
Luhan အထဲတောင်မဝင်ရသေးဘူး အထဲမှ ပြေးလာတဲ့ ခြေသံကြားလို့ ခဏရပ်ကြည့်နေတာ မြင်လိုက်ရတာက သူ့သူငယ်ချင်း Lay မျက်ရည်နဲ့ ပြေးထွက်လာတယ်
Lu : Lay ဘာဖြစ်တာလဲ ? မင်းကို ဘယ်သူကဘာလုပ်တာလဲ?
Luhan Lay လက်ကို ဆွဲထားပြီးမေးနေတယ်
Yeol : hey ... မင်းတို့ဘာလုပ်နေတာလဲ ? အထဲဝင်ကြလေ
Chanyeol တို့အဖွဲ့ရောက်လာတော့ Lay Luhan အထဲမဝင်ပဲ အပြင်မှာ ရပ်နေတာမြင်တော့ Chanyeol မေးလိုက်တာ Lay မျက်နှာ နီပြီးငိုထားတာ မြင်တော့ တစ်ဖွဲ့လုံး ကြောင်တောင်တောင် ဖြစ်ကုန်တယ်
