My Heart (3)

791 68 4
                                    

***** My Heart *****

Kray (Yaoi)

Ep 3

စာသင်ချိန်ပြီးတော့ Luhan ကတော့ ထုံးစံအတိုင်း ဘောလုံးသွားကန်တယ် Lay နဲ့ Baekhyun ကျတော့ အတူတူအဆောင်ပြန်လိုက်တယ်

Lay ရေမိုးချိုးပြီး ရေချိုးခန်းမှထွက်လာကာ အဝတ်အစားလှဲပြီးတော့ နေ့လည်က Luhan ယူလာပေးတဲ့ စာရွက်ကိုယူကြည့်ပြီး

Lay (pov) : ဆက်ရင်ကောင်းမလား

Lay စာရွက်လေးကိုင်ပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျောက်နေတယ် သူ Kris စီဆက်လည်းဆက်ချင်တယ် ဆက်လည်းမဆက်ရဲဘူး ဖြစ်နေတယ် နောက်ဆုံးတော့လည်း လက်သွယ်သွယ်လေးက စာရွက်ထဲက ဂဏန်းတွေကို နှိပ်ကာ ဆက်လိုက်တယ် ဖုန်းဝင်သွားတော့

[Kris : Hello]

Lay : ...............

Lay Kris အသံကြားတော့ မျက်နှာချက်ချင်းနီလာပြီး ရှက်ကလည်းရှက် ကြောက်ကလည်းကြောက်နဲ့ လက်ကလည်းတုန် စကားလည်းပြန်မပြောရဲ ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်

[Kris : မပြောရင် ဖုန်းချတော့မယ်နော် ]

Lay : ခ ... ခဏလေး ငါ Lay ပါ

[Kris : အော် ... Lay လား ]

Lay : ဘာလုပ်နေလဲ ? အားလား

[Kris : အားပါတယ် ဘာစိတ်ကူးပေါက်လို့ ဆက်လာရတာလဲ ]

Lay : ...............

Lay Kris အသံကြားချင်တယ်လို့ပြောလိုက်ချင်တယ် ဒါပေမယ့် ပြောလည်းမပြောရဲ ဖြစ်နေတယ်
အခုဆို Lay ရှက်လွန်းလို့ မျက်နှာတစ်ခုလုံးနီနေပြီ ဘာပြောရမှန်းမသိတော့ အောက်နှုတ်ခမ်းကိုသာ ကိုက်ထားလိုက်တယ်

[Kris : ဘာလို့ ပြန်မပြောတာလဲ ရှက်နေတာလား ?]

Lay pov : ဟုတ်တယ် ရှက်လွန်းလို့ သေတော့မယ်

Lay : ဒါပဲနော် အပြင်သွားရမှာမို့လို့

Kris အမေးကိုမဖြေပဲ ဖုန်းချဖို့ပြောလိုက်တယ် ဆက်ပြောရင် နှလုံးခံနိုင်တော့မှာ မဟုတ်ဘူး ခုတောင် နှလုံးခုန်နှုန်းမြန်လွန်းနေပြီ

[Kris : ဘယ်သွားမှာလဲ ? လိုက်မယ်လေ ]

Lay : uni နားက ကော်ဖီဆိုင်သွားမလို့ Kris basketball မကစားဘူးလား ?

My Heart (Completed )Where stories live. Discover now