My Heart (2)

893 73 6
                                    

******* My Heart *******

Kray (Yaoi)

ep 2

ကျောင်းကန်​တင်းတွင်

Lu : ငဘတ်​ မင်း​ဖြေး​ဖြေးစားလို့မရဘူးလား နင်​ပြီး​သေ​နေအုန်းမယ်

ခေါင်းမ​ဖော်​ပဲ ထမင်းငုံ့စား​နေတဲ့ Baekhyun ကို​ပြောလိုက်​တယ်

Baek pov : ဟို Chanyeol ဆိုတဲ့အ​ကောင်​ရဲ့ ကြည့်​လာတဲ့ မျက်​လုံးကို ငါရှက်​လို့ဟ

Baekhyun ဝါး​နေတဲ့ထမင်းကို ခက်​ခက်​ခဲခဲမြိုချလိုက်​ပြီး

Baek : အတန်းချိန်​ရှိသေးတယ်​ဆိုတာ မင်းတို့မ​မေ့နဲ့

မျက်​နှာချင်းဆိုင်​မှာထိုင်​​နေတဲ့ သူငယ်​ချင်းနှစ်​​ယောက်​ကိုကြည့်​ပြီး​ပြော​တော့ ဟိုဘက်​ဝိုင်းမှာထိုင်​​နေတဲ့ Chanyeol က Baekhyun ကို မျက်​ခုံးတစ်​ဖက်​ပင့်​ပြပြီး သွားသုံးဆယ့်​နှစ်​​ချောင်း​ပေါ်​အောင်​ပြုံးပြ​နေတာမြင်​​တော့

Baek : မင်းတို့ဟို​ကောင်​ကိုကြည့်​အုန်း ဘာလို့အဲ့​လောက်​ကြည့်​​နေလည်းမသိဘူး ငါစိတ်​ညစ်​လာပြီ

Lay နဲ့ Luhan လည်း ​နောက်​လှည့်​ပြီး ဟိုဘက်​ဝိုင်းက Basketball သမား​လေး​ယောက်​ကိုခဏကြည့်​လိုက်​ပြီးပြန်​လှည့် လာလိုက်​တယ်
Lay က​တော့ လှည့်​ကြည့်​ချိန်​မထင်​မှတ်​ပဲ Kris အကြည့်​နဲ့စုံမိ​တော့ ရှက်​ပြီးမျက်​နှာနီလာတယ်

Lu : မင်းကိုကြည့်​​နေတာ​သေချာလို့လား ဒါမှမဟုတ်​ မင်းကိုယ်မင်း အထင်​​​တွေစွတ်​ကြီး​နေတာ

Luhan Baekhyun ကိုအမြင်​ကတ်​ကတ်​နဲ့​ပြောလိုက်​တယ်

Lu pov : သူ့လိုလူကိုဘယ်​သူကကြိုက်​မှာလဲ ကပ်​​စေးကနဲပြီး​တော့ စကား​ပြောရင်​လည်း အကျယ်​ကြီး​ပြော​သေး

Baek : ​သေချာတာ​ပေါ့ ငါသူ့ကိုကြည့်​လိုက်​တိုင်း ငါကိုမျက်​ခုံးပင့်​ပြလိုက်​ ​ခြေ​ထောက်​​တောင်း​နေတဲ့မျက်​နှာထားနဲ့ကြည့်​​နေတာ
ဒါနဲ့ Lay မင်းဘာဖြစ်​​နေတာလဲ ​နေမ​ကောင်းဘူးလား မျက်​နှာနီလို့​နေပါလား

Baekhyun Luhan ကိုရှင်းပြ​နေတုန်း Lay ရှက်​​နေတာမြင်​​တော့ မ​နေနိုင်​​မေးလိုက်​တယ်

My Heart (Completed )Where stories live. Discover now