My Heart (5)

741 68 4
                                        

Ep - 5

[Yeol : Hello]

Kris : အားလား အရက်ဆိုင်သွားရအောင်

[Yeol : မင်းဘာတွေစိတ်ညစ်နေတာလဲ ဒီနေ့ ရည်းစားနဲ့ Date တာမဟုတ်လား]

Kris : yeol မင်းလာမလား မလားဘူးလား ငါမင်းကို စိတ်မရှည်တော့ဘူးနော်

[Yeol : လာမှာပေါ့ ဟိုနှစ်ကောင်ကိုရော ခေါ်ရမလား ]

Kris : မင်းသဘော Sehun က တော့ လာမှာသေချာတယ် Kai က သူ့ချစ်ချစ်ကြီးလွတ်ပါ့မလား

[Yeol : သူနည်းလမ်းရှာလိမ့်မယ် စိတ်မပူနဲ့ ဆိုင်မှာတွေ့မယ် ]

Kris ကားမောင်းနေရင်း ဒီနေ့ အဖြစ်အပျက်ကို ပြန်တွေးနေတယ် မျက်မှန်ကြီးကို ထိုးဖေါက်ပြီး Lay ရဲ့ မျက်နှာအချိုးအစားကို သေချာကြည့်ရင် Lay က ချစ်စရာလေးပါ

တခါတခါ အဲ့ဒီအူကြောင်ကြောင်ပုံစံက Kris ကို ပြုံးစေနိုင်ခဲ့တယ် ဒီနေ့ဆို Kris Lay ကို အနိုင်ကျင့်နေတာ အနိုင်ကျင့်ခံရတဲ့ချိန်ဆို Lay က ချစ်စရာကောင်းလို့ Kris Lay ကို ခဏခဏ အနိုင်ကျင်နေတာ

Kris တွေးနေရင်း မှန်ကိုအကြည့်ရောက်သွား သူပြုံးနေတာကို မှန်ထဲမှာမြင်ရတော့ သူချက်ချင်း ပြန်တည်လိုက်တယ်

Kris pov : ငါဘာတွေတွေးနေတာလဲ နေရင်းထိုင်ရင်း အတွေးထဲ အူကြောင်ကြောင် မှန်ကြောင်က အတွေးထဲဝင်လာလေရော

Kris : သူ့ရဲ့ အူကြောင်ကြောင် ပုံစံကို ရယ်ချင်လို့ ဖြစ်မှာပါ

Kris သူ့ကိုယ်သူ ပြောလိုက်တယ်

* * *

" တောက် တောက် တောက် "

တံခါးခေါက်သံကြားတော့ တံခါးဘက်ကို လှည့်ကြည့်လိုက်တယ် ခဏနေတော့ တံခါးခေါက်တဲ့သူကပဲ တံခါးဖွင့်ပြီးဝင်လာတယ်

Baekhyun ပြုံးပြီး အခန်းထဲဝင်လာတာမြင်တော့

Lay : အပြင်မှာစားလာပြီးပြီမို့ စားစရာမရှိဘူး

သူ့မုန့်ကိုပဲ လာလာယူစားတတ်တဲ့ Baekhyun ကို မျက်နှာ စူပုပ်ပုပ်နဲ့ ပြောလိုက်တယ်

Baek : ငါ့ကို အစားမက်တဲ့သူလို့ ထင်နေတာလား ?

Lay : မဟုတ်လို့လား ?

My Heart (Completed )Where stories live. Discover now