Unicode
"ကျွန်တော် ဦးကို အရမ်းချစ်တယ် Luhan ... "
ကျွန်တော့် စကားကြောင့် သူက ပြုံးသည် ... ။ သူ့ရဲ့ သောက်လက်စ ဆေးလိပ်ကို မီးသတ်ပြီး ကျွန်တော့်ဘေး ဝင်ထိုင်သည် ... ။
"ကိုယ့်ရင်ကို ခွဲပြီး ပေးထားတာတောင် ဘာလိုအပ်သေးလို့လဲ ကလေး ...... "
"ဦးကို Luhan ဆေးရုံမှာ အလုပ်ခန့်ပေးပါ ... ဖေဖေက ဦးကို ဆေးရုံကနေ ထုတ်လိုက်ပြီ ...... "
"သူက အလုပ်မရှိဘဲ မနေနိုင်ဘူး တဲ့လား ကလေး ... "
ကျွန်တော် သူ့ကို ခေါင်းခါပြမိသည် ... ။ တကယ်ဆို ကျွန်တော် Luhan ဆီလာတာ ဦး မသိပါ ... ။ သိရင်လည်း ဦး တားမည်ကို ကျွန်တော် သိတာကြောင့် မပြောဘဲ ထွက်လာ လိုက်ခြင်းပင် ... ။
Luhanက လွဲရင် ကျွန်တော့်ကို ကူညီမည့်သူ မရှိတော့တာမို့ ...... ။
"ကောင်းပြီ ... မင်းလေးက တောင်းဆို နေမှတော့ ကိုယ်ဘယ်ငြင်းရက်မလဲ ... ဟင် ... ဒါပေမယ့် ...... "
"ကျွန်တော် ဘာပြန်ပေးရမလဲ Luhan ...... "
"ဟော ... "
သူ့မျက်နှာကို ကျွန်တော့် နားတိုး၍ မျက်ခုံးပိတ်လျက် စိုက်ကြည့် လာ၏ ... ။ သူ အတော်ချောတာ ကျွန်တော် လက်ခံပါသည် ...... ။
သို့သော် Luhanက ချောသည် ဆိုတာထက် လှသည် ... ။
"ကိုယ့်အချစ်မှာ လာဘ်ပေးလာဘ်ယူ မရှိဘူးလေ ကလေးလေးရယ် ... "
"ကျေးဇူးပါနော် Luhan ... ကျွန်တော် ကျေးဇူး မမေ့ပါဘူး ...... "
"ကိုယ့်အချစ်တွေကို မမေ့ရင်ဘဲ ကိုယ်ကျေနပ်ပြီ ...... "
ကျွန်တော် သူ့ကို နှုတ်ခမ်းကွေးရုံမျှ ပြုံးပြလိုက်ပြီး ခုံပေါ်က ထလိုက်သည် ... ။
"ကိုယ်နဲ့ နေ့လည်စာ လိုက်မစား ချင်ဘူးလား ... "
"ဟင့်အင်း ... ဦးနဲ့ တူတူ စားမယ်လို့ ပြောထားလို့ ...... "
"အိုကေ ... အိုကေ ... See you Sehun ... "
ကျွန်တော် သူ့ကို ခေါင်းငြိမ့်ပြမိပေမယ့် သူနဲ့ ကျွန်တော် ထပ်တွေ့ဖို့ အကြောင်းအရင်းက ရှားသည် ...... ။
YOU ARE READING
Rope
Fanfictionသူ ချစ်တဲ့ သူဟာ ကိုယ်ဖြစ်လာဖို့ သူ ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တယ် ............။