Unicode
အိပ်ပျော်နေသော ကလေးလေး ဘေးနား လှဲရင်း တစ်ညလုံး အိပ်မရဘဲ လက်သီးကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည် ... ။
Luhan ဆိုသည့် အကောင် ဘာလို့ အခုလို တောင်းဆိုလည်း ကျွန်တော် မသိ ... ။
တကယ်တမ်း သူ ကျွန်တော့်ကို Hunရဲ့ ဘေး မနေစေချင်ရင် သူ လက်ထဲမှာ ရှိနေတဲ့ သက်သေတွေဖြင့် ကျွန်တော့်အား ထောင်ထဲ ချက်ချင်း ပို့ပစ်လိုက်လို့ရသည် ... ။
"တောက် !!"
"ဦး ...... ဘာဖြစ်လာတာလဲ ...... "
ကျွန်တော့်ရဲ့ တောက်ခေါက်သံ ခပ်ကျယ်ကျယ်ကြောင့် သူလေး အိပ်ရာက နိုးလာပုံရသည် ... ။
"ဟင့်အင်း ... ဦး ဘာမှ မဖြစ်ဘူး Hun ... Hun ကို ထားခဲ့မိတဲ့ ဦးကိုယ်ဦး ဒေါသထွက်လို့ပါ ...... "
ကျွန်တော့် စကားအဆုံး သူ့လက်နုနုလေးတွေဖြင့် ကျွန်တော့်ပါးပြင်အား ထိတွေ့သည် ... ။
"နောက်ထပ် ကျွန်တော့်ဘေးက ထွက်မသွားရဘူးနော် ဦး ... ကျွန်တော့်ကို ထားခဲ့လို့ မရဘူးနော် ...... "
"ဦးလေ ......... "
"ဘာမှ မပြောနဲ့တော့ ဦး ... ကျွန်တော် ဦးကို ချစ်တယ် ... ဦးလည်း ကျွန်တော့်ကို ချစ်တယ် ... ကျွန်တော်တို့ ခွဲစရာ ဘာအကြောင်း ရှိသေးလို့လဲ ဦး ...... "
ကျွန်တော့်အား ပိုတိုး၍ ဖက်လာသော ကလေးငယ် ... ။ မရင့်ကျက်သေးသည့် သူလေးအတွေးမှာ ဘဝဟာ ရိုးရှင်းလွန်းနေ၏ ... ။
ကံကြမ္မာရဲ့ ရက်စက်ခြင်းကို သူမသိ ... ။ တကယ့် နာကျင်ခက်ခဲခြင်းရဲ့ အစစ်အမှန်ကို သူမသိ ... ။
ကျွန်တော့်ကို ချစ်တာ တစ်ခုပဲ သိသော ကလေးလေးအား အနည်းငယ်မှ မထိခိုက်စေချင် ...... ။
"ဦး ... ကျွန်တော် ပြောနေတာ ကြားလားလို့ ... "
"ဟင် ... "
"ဦး ကျွန်တော့်ကို ချစ်ရော ချစ်သေးရဲ့လားဟင် ... "
ကျွန်တော် ပြန်မဖြေဘဲ သူ့ခေါင်းလေးကို ခပ်ဖွဖွ နမ်းကာ သူ့ကို ရင်ခွင်ထဲသို့ ပိုမို တိုးဝှေ့စေလိုက်သည် ... ။
YOU ARE READING
Rope
Fanfictionသူ ချစ်တဲ့ သူဟာ ကိုယ်ဖြစ်လာဖို့ သူ ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တယ် ............။