Unicodeကျွန်တော် အိမ်ထဲ ဝင်လိုက်တာနဲ့ မြင်လိုက်ရသည့် လူတစ်ယောက်ကြောင့် ခြေလှမ်းတွေကို ပြန်လှည့်လိုက်ချင်သည် ...။
"သား ... Yifan ...... "
"ဘာကိစ္စရှိလို့လဲ Hyung ...... "
ဖေဖေ့ရဲ့ ခေါ်သံကို လျှစ်လျှူရှုကာ သူထိုင်နေသည့် ကြမ်းပြင်တွွင်သာ ဝင်ထိုင်လိုက်၏ ...... ။
"ငါတို့ Hunnie ကို မင်းက ဒီလို အိမ်လေးမှာ ထားဖို့ ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါဘူးနော် ...... "
"အပြင်သွားပြောရအောင် ... "
"မင်းနဲ့ Hunnie ကို ငါသဘောမတူနိုင်ဘူး ဆိုတာ မင်းသိရဲ့သားနဲ့ Yifan ... မင်းလို လူမျိုးနဲ့ ... ရှင်းရှင်းပြောရရင် မင်းတို့ အသိုင်းအဝိုင်းနဲ့ကို မပတ်သက်စေချင်တော့တာ ...... "
Siwon Hyung က ပြောပြီး စာအိတ်တစ်အိတ်ကို ဖေဖေ့ဆီ ထိုးပေးသည် ... ။
"ဒါကိုယူပြီး Hunnie မမြင်နိုင်တဲ့ နေရာကို ဦးလေးတို့ ထွက်သွားပေးပါ ...... "
"Hyung ...... ! တောက် ! "
"ဦးလေး လက်မခံနိုင်လို့ မင်းပြန်ယူသွားပါ ... ပြီးတော့ ဒီအိမ်က ဦးလေးအိမ်ဖြစ်လို့ ဘယ်မှ မထွက်သွားနိုင်ပါဘူး ... ပြန်ပါတော့ ...... "
ဖေဖေ့ရဲ့ ပြတ်ပြတ်သားသား စကားအဆုံး သူက မဲ့ပြုံးပြုံးသည် ...... ။ ကျွန်တော်တို့ သားအဖ နှစ်ယောက်ကို အိမ်တိုင်ရာရောက် လာစော်ကားနေသည့် သူဟာ Hunရဲ့ အဖေ ဖြစ်နေသည့် အတွက် အံတင်းထားရ၏ ...... ။
"ကျွန်တော့် အဆိုးမဆိုဘူး မလား ...... "
"ခင်ဗျား မယုတ်မာနဲ့နော် ...... "
ကျွန်တော့်စကားကိုလည်း ခနဲ့သလို ပြုံးပြန်သည် ...... ။
"ပြန်တော့မယ် ...... "
ပြန်ထွက်သွားသည့် သူ့နောက်ကျောပြင်ကို လှမ်းကြည့်နေရင်း ဒေါသထွက်လာရသည် ...... ။
"Yifan ...... Sehun ဆိုတဲ့ ကလေးက ...... "
"Siwon Hyungရဲ့ သားပါ ...... ကျွန်တော် သိပ်ချစ်တဲ့သူ ... သူလည်း ကျွန်တော့်ကို အရမ်းချစ်တယ် ...... "
အခုမှသိသည့် ဖေဖေက ကျွန်တော့်ကို အံ့သြစွာ စိုက်ကြည့်နေလေ၏ ...... ။ Sehun နဲ့ ကျွန်တော် ချစ်သူတွေ ဆိုတာကိုလည်း ဖေဖေ့ကို အခုမှ ပြောဖြစ်ခဲ့သည် ... ။
YOU ARE READING
Rope
Fanfictionသူ ချစ်တဲ့ သူဟာ ကိုယ်ဖြစ်လာဖို့ သူ ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တယ် ............။