Rope -6

1.3K 187 20
                                    

Unicode
ကုတင်ထက်၌ ငြိမ်သက်စွာ အိပ်မောကျ နေသည့် မထိရက် မကိုင်ရက် ကြွေရုပ်လေးအား ငေးကြည့်နေရင်း သက်ပြင်း ချလိုက်သည် ... ။

"ငါ ပြန်လိုက်တော့မယ် Luhan ... မင်း အဆင်ပြေတယ် မလား ... "

"အင်း ...... "

Suho ပြန်သွားပြီးသည့် တိုင်အောင် ထို ကြွေရုပ်လေးကို ကျွန်တော် ငေးကြည့် နေမိဆဲပင် ...... ။

ကြွေရုပ်လေးရဲ့ ဘေးတွင် ကျွန်တော် အမြဲ ရှိနေမှ စိတ်ချရမည် ထင်သည် ... ။

"ဦး ... ! ထွက်မသွားပါနဲ့ ! မသွားပါနဲ့ ဦးရယ် ... !"

"ကလေး ... ကလေး ! "

"ဦး !!"

ကျွန်တော့် လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ပြန်လည် အိပ်ပျော်သွားသည့် သူလေးကြောင့် ရင်ထဲ၌ မခံမရပ်နိုင်အောင် နာလာ၏ ... ။

ဘဝမှာ တစ်ကြိမ်တစ်ခါပဲ ဖြစ်ပေါ်လာသည့် အချစ်ဟာ ဘာကြောင့် အကြိမ်ကြိမ် ရှုံးနိမ့် နေရပါသနည်း ဟု လောကကြီးအား မေးခွန်း ထုတ်ချင်သည် ... ။

"ဟယ်လို ... Wu Yifan အကြောင်း စုံစမ်းပေး ... တိတိကျကျ သိချင်တယ် ...... "

လူ တစ်ယောက်ရဲ့ အကြောင်း စုံစမ်း ရတာ ဝါသနာ မပါသော်လည်း Wu Yifan ရဲ့ အားနည်းချက်ကို ကျွန်တော် မရရအောင် ရှာရမည် ... ။

"Luhan ...... "

"နိုးလာပြီလား ကလေး ...... "

"ဦးရောဟင် ...... ဦး ဘယ်သွားတာလဲ ... "

ကလေး အမြဲ တွေ့ချင် မြင်ချင်နေသည့် သူဟာ ကျွန်တော် ဘယ်တော့မှ မဖြစ်ခဲ့ပါ။

"ဗိုက်ဆာနေပြီလား ... မနက် ကတည်းက ဘာမှ မစားရသေးဘူးနဲ့ တူတယ် ...... "

"ဦးက ကျွန်တော့်ကို ထပ်ထားခဲ့ ပြန်ပြီ Luhan ...... ဦးက ကျွန်တော့်ကို ...... "

"မငိုနဲ့တော့ ကလေးရယ် ... ကလေး အရမ်း ပင်ပန်းနေပြီ... "

သူ့နဖူးထံ ဝဲကျနေသည့် ဆံနွယ်ပျော့ပျော့ လေးတွေကို ဖယ်ပေးရင်း သူလေး ကျောကို ပုတ်ပေး နေမိသည် ... ။

သူလေး အချစ်ကြီးတာ ကျွန်တော် အသိဆုံး ပေမို့ Wu Yifan သာ ဖျောင်းဖျပေး၍ ရပေမည် ... ။

RopeWhere stories live. Discover now