Unicode
အဝေးကနေ မြင်ရသည့် လူနှစ်ဦး ဟာ ကျွန်တော် သိပ်ချစ်ရသည့် လူသားနဲ့ သူ့ချစ်သူ ဖြစ်သည် ဆိုတာကို တန်းသိလိုက်တာနဲ့ ပြန်လှည့် ထွက်ဖို့ ပြင်လိုက်သည် ... ။သူတို့ ပျော်ပါစေလေ ...... ။
"Luhan ...... "
ကျွန်တော့် ကလေးလေးရဲ့ ခေါ်သံလေးက နားထဲ တိုးဝင်လာလေတော့ ကျွန်တော် ပြန်လည် လှည့်ကြည့်ကာ ပြုံးပြမိ၏ ... ။
"ကျွန်တော် ......... "
သူ့အိတ်ထဲမှ တစ်ခုခုကို ထုတ်ရန် ပြင်ပြီးမှ ပင်လယ်ဘက်သို့ငေးနေသော Wu Yifanအား ကြည့်ပြီး အိတ်ထဲ ပြန်ထိုးထည့်သော ကလေးငယ် ...... ။
ကျွန်တော့်ကို ပေးစရာ တစ်ခုခုများ ရှိနေခဲ့တာလား?
"ဘယ်တွေ သွားနေတာလဲ ... "
"ဦးလေ ... ကျွန်တော့်ကို နေရာအနှံ့လိုက်ပို့ ပေးနေတာ ... "
Yifan ရဲ့ လက်မောင်းအား တွဲခိုလျက် သဘောကျစွာ ပြောနေသူလေးဟာ သိပ်ကို ပျော်ရွှင်နေပုံရသည် ... ။
ကလေးရဲ့ အပြုံးတွေကို ကျွန်တော်က ဘယ်လို အင်အားနဲ့ ဖျက်ဆီးပစ်ရမလဲဟင် ?
"ကိုယ်တို့ သူငယ်ချင်း နှစ်ယောက် ခဏ စကားပြောချင်တယ် ...... "
"ငါ့မှာ မင်းကို ပြောစရာ မရှိဘူး Luhan ...... "
ကျွန်တော် ကလေးကို မျက်စပစ်ပြလိုက်တော့ Yifan ၏ လက်မောင်းက အကျႋီစကို ဆွဲကိုင်လျက် နှုတ်ခမ်းဆူပြနေသည် ... ။
သူလေးသာ ကျွန်တော့် ချစ်သူ ဖြစ်ခဲ့လျှင် အသည်းယားလွန်းစွာ ရင်ခွင်ထဲမှာပဲ အမြဲတစေ ထွေးပွေ့ထားချင်၏ ...... ။
"ကျွန်တော် Hyun တို့ဆီ သွားလိုက်ဦးမယ်နော် ... "
"ဟူး ......... !"
ကလေးလေး ပြေးထွက်သွားသည့် အခါမှ Wu Yifan ဆီမှ ထွက်လာသော သက်ပြင်းချသံ ... ။ တစ်ခုခုကို တော်တော်လေး စိုးရိမ်နေပုံ ရသည် ... ။
YOU ARE READING
Rope
Fanfictionသူ ချစ်တဲ့ သူဟာ ကိုယ်ဖြစ်လာဖို့ သူ ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တယ် ............။