Unicode
"ဦး ......!"
ကျွန်တော်တို့ လေးယောက် ကျောင်းရှေ့ ရောက်တာနဲ့ ချစ်စဖွယ် အသံလေးနဲ့ ကလေးပိစိလေးက ဆီးကြိုသည် ...... ။
သို့သော် ကျွန်တော့်ကို ဆီးကြိုသည်တော့ မဟုတ် ...... ။ သူ့ရဲ့ ချစ်လှစွာသော Wu Yifan ရင်ခွင်ထဲမှာသာ တိုးဝှေ့ ပျောက်ကွယ် သွားသည် ...... ။
"ဦီးရဲ့ ပေါက်စလေး ...... မတွေ့ရတာ ကြာပြီ ... "
"မင်းကိုပဲ စောင့်နေတာ သူက ... အခုလည်း သားငယ်က ဂျီကျနေလို့ မင်းဆီ လိုက်ပို့တာ Yifanရ ...... "
Siwon Hyung ရဲ့ ပြောစကားကြောင့် ကျွန်တော့် စိတ်ထဲ တမျိုးလေး ဖြစ်သွားခဲ့သည် ...... ။
ထို အချိန်ကတည်းက ကျွန်တော်ဟာ အရံလူ တစ်ယောက်သာ ...... ။
"Luhan ...... သကြားလုံးပေး ...... "
"သားငယ် ... ချောင်းဆိုးနေတယ်လေ ...... "
"Luhan ... ဖေဖေ့ကို ပြောပေး ...... "
Yifan ရဲ့ လက်ထဲမှ ပေါက်စလေးဟာ ငိုမဲ့မဲ့ ဖြစ်လာလေပြီ ...... ။
"လေးလေးရဲ့ Hunnie လေးက သကြားလုံး စားချင်နေတာလား ...... "
"Luhan ဆီက သကြားလုံးမှ ...... "
ကလေးအရွယ် သူလေး၏ ထိုစကားဟာ ကျွန်တော့် အတွက်တော့ ချိုမြိန်ခဲ့ပါရဲ့ ...... ။
သူ့ အချစ်ကို ကျွန်တော် မပိုင်ဆိုင် သော်လည်း သူလိုအပ်သည့် အရာတိုင်း ကျွန်တော်သာ ဖြည့်ဆည်း ပေးချင်သည် ...... ။
"Hunnie ... ချောင်းဆိုးနေတယ် မလား ... နောက်မှ ဦးဝယ်ကျွေးမယ်နော် ...... "
"ကတိနော် ...... "
ကလေးကို ကတိတွေ အထပ်ထပ်ပေးပြီး ကျွန်တော့်ကို အနိုင်ယူနေသည့် Wu Yifan ဟာ တော်လွန်းပါသည် ...... ။
ကျွန်တော့် ဘက်ကသာ တဖက်သက် ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲမှာ ကျွန်တော်သာ အခါခါ ရှုံးနိမ့်ခဲ့သည် ...... ။
YOU ARE READING
Rope
Fanfictionသူ ချစ်တဲ့ သူဟာ ကိုယ်ဖြစ်လာဖို့ သူ ကိုယ့်ကို ချစ်ဖို့ပဲ လိုအပ်တယ် ............။