Rope - 10 (Final)

2.8K 237 78
                                    

Unicode

"Luhan ! မင်းလိမ်နေတာ !!"

"ငါ မလိမ်ဘူး Yifan ... ငါက ဘာလို့ လိမ်ရမှာလဲ ... ကလေးသာ မင်းရဲ့သား မဟုတ်ဘူး ဆိုရင် ငါ ကလေးကို မင်းလက်ထဲ ထည့်ပေးဖို့ ဝန်မလေးဘူး သိလား ...... !"

သူဟာ ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ်ထိုင်လျက် အရူးတစ်ယောက်လို မျက်လုံးတွေဖြင့် ကျွန်တော့်အား အော်ဟစ်နေသည် ...... ။

"ငါ မမ ဂျီဆော နဲ့ ဘာမှ မဖြစ်ခဲ့ဘူး ... သူက မမ ဂျီဆောရဲ့ သားလေ ... ဘာလို့ ငါ့သား ဖြစ်ရမှာလဲ Luhan ...... ! ငါ မယုံဘူး ! ငါ လုံးဝ မယုံဘူး Luhan ...... !"

"ဘယ်သွားမလို့လဲ Yifan ... !"

"Oh Siwon ...... ! ငါ Siwon hyung ဆီ သွားရမယ် ! ငါ သွားအတည် ပြုရမယ် ...... "

ကျွန်တော် ဆွဲထားသည့် လက်တွေကို အားနဲ့ ဖြုတ်ချပြီး သူ အပြင်ထွက်ဖို့ လုပ်သည် ... ။

"Yifan ... ! အဲ့ဒီမှာ ကလေးရှိတယ် ... မင်း အိမ်သွားလို့ မဖြစ်ဘူး ...... "

"ဖယ် ! "

Yifan မျက်လုံးထဲတွင် ဘာမှ မမြင်တော့သည့် ပုံပင် ... ။ ကျွန်တော့်အား လဲကျအောင် တွန်းချပြီး အိမ်ထဲမှ ထွက်သွား၏ ... ။

"Yifan ! ဘာဖြစ်လာတာလဲ ... ဟင် ... Luhan "

"Baekhyun ... ငါ့ကို Oh Siwon ရဲ့ အိမ်ကို လိုက်ပို့ပေး ... မြန်မြန် ! မြန်မြန်လိုက်ပို့ပေးလို့ !!!"

"အာ ...... အင်းအင်း ...... "

Baekhyun က လက်ထဲမှ ကိုင်လာသော အထုတ်တွေကို ပစ်ချ၍ Yifan နောက် ပြေးလိုက်သွားသည် ... ။

ကျွန်တော်လည်း ကလေးကို စိတ်ပူ လွန်း၍ ပြေးလိုက်ရပြန်သည် ... ။

အဆုံးအစွန်ထိ ကျွန်တော့်ရဲ့ ကလေးလေး သိလို့ မဖြစ်ပါ ... ။

"Yifan !"

"ဘယ်သူလဲ ကျွန်တော့်သား ! ဘယ်သူက ကျွန်တော့်သားလဲလို့ !! "

အိမ်ထဲ ဝင်ပြီး အော်ဟစ်နေသော Yifan အား Siwon Hyung နဲ့ Suhoက နားမလည်သလို ကြည့်နေလေ၏ ... ။

"သူ သိသွားပြီ Hyung !"

"ဟင် ... Luhan ! မင်းပြောချင်တာက ...... "

Siwon hyung က ပြောရင်းနဲ့ ယိုင်သွား သဖြင့် Suho က လှမ်းထိန်းပေးရသည် ... ။

RopeWhere stories live. Discover now