Rope-2

2.1K 248 19
                                    

Unicode

Wu Yifan ထွက်သွား ပြီးကတည်းက ကျွန်တော့် အိပ်ရာပေါ်တွင် ငိုရှိုက်နေသည့် သူလေးကို ကျွန်တော် တံခါးအကွယ်က နေသာ ငေးကြည့်နေလိုက်သည် ... ။

ကျွန်တော် ထွေးပွေ့နှစ်သိမ့်ပေးချင် သော်လည်း သူကျွန်တော့်ကို မလိုအပ်မှာ စိုးသည် ... ။

Wu Yifan ကို သိပ်ချစ်တာလား ကလေးရယ် ...... ။

"အိမ်ပြန်မလား ...... "

"Luhan ...... "

ကျွန်တော့်ကို မော့ကြည့်လာသော ကလေးလေး ...... ။ ငိုထား၍ ရဲတက်နေသော နှာခေါင်းလေးက ချစ်ဖို့ကောင်းစွာ ...... ။

"Luhan က ဘာလို့ ဦးကို မတားတာလဲ ... Luhan တားလို့ရရဲ့ သားနဲ့ ... "

"ကိုယ်မတားမိဘူး ကလေး ... အဲ့ဒါက မင်းလေးကောင်းဖို့ အတွက်ပဲလေ ... "

"Luhan မကောင်းဘူး ...... "

ကျွန်တော့်ကို ထုရိုက်လာတဲ့ သူ့ရဲ့ လက်ကလေးတွေကို ဆုပ်ကိုင်လျက် သူ့ဆံပင်လေးတွေကို ခပ်ဖွဖွ သပ်ပေးမိသည် ... ။

"မင်းလေး မဆိုးနဲ့တော့ကွာ ... ဆရာဝန်ဖြစ်ရင် Yifan က လာခေါ်မယ် ပြောထားတာပဲ ... အခု Yifan က ကိုယ့်ဆေးရုံမှာ လုပ်မှာ အချိန် မရွေး ဆေးရုံကို လာခဲ့ ... ဟုတ်ပြီလား ... "

"တကယ်လာတွေ့လို့ရလား ...... "

"ရတာပေါ့ ... ဒါပေမယ့် ကိုယ်ပြောတာ နားထောင်ရမယ် ... ကျောင်းမှန်မှန်တက် ... စာကိုသေချာလုပ်... ဒါမှ တစ်နှစ်တစ်တန်းအောင်ပြီး Yifan နဲ့ မြန်မြန် နီးစပ်မှာ ... "

သူ့အကျႋီလက်လေးဖြင့် နှာရည်တွေကို သုတ်လျက် ခေါင်းလေး တဆက်ဆက်ငြိမ့်သည် ... ။

ဖြူစင်တဲ့ ကလေးလေးကို ဘာလို့ အရောင်ဆိုးခဲ့ရတာလဲ Wu Yifanရယ် ...... ။

"ကိုယ်အခု အိမ်ပြန်လိုက်ပို့မယ်နော် ...... "

"Hun... ဟင့် ... Hunကို ဦးက စိတ်ပျက်သွားတာ မဟုတ်ပါဘူးနော် ......ဟင့် ... ဦးက ကျွန်တော့်ကို ကလေးဆန်လွန်းလို့ ပစ်သွားတာ မဟုတ်ပါဘူးနော် ...... "

RopeWhere stories live. Discover now