Rope - 7

1.3K 186 18
                                    

Unicode
ပင်လယ်ပြင်ကြီးကို ငေးကြည့်နေရင်းမှ စိတ်ထဲလေးလံလာ၍ သက်ပြင်းချလိုက်မိသည် ... ။

ကျွန်တော့် လုပ်ရပ်တွေဟာ မှားနေပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးလိုက်တိုင်း နှလုံးသားက နာ၏ ... ။

"ဟင့် ......... "

ကျွန်တော့် ခါးကို တင်းကြပ်စွာ ထွေးပွေ့လာသော လက်တစ်စုံရဲ့ အထိအတွေ့နဲ့အတူ ရင်နင့်ဖွယ် ရှိုက်သံလေး တစ်ခုက နားထဲ တိုးဝင်သည် ...... ။

ကျွန်တော် သိပ်ချစ်ရပါသော သူ ...... ။

ကျွန်တော် မြတ်နိုးရပါသော သူ ...... ။

သူ့ရဲ့ အငွေ့အသက်လေးကို ကျွန်တော် ဘယ်တော့မှ မမေ့ခဲ့ဘူးပါ ... ။

"Hun ...... Hun လား ...... "

"ဟင့် ......... ဟင့် ......... "

ကျွန်တော့် ခါးထက်က သူ့လက်လေးတွေကို ဖယ်ကာ သူ့ဘက် လှည့်ဖို့ ကြိုးစားသော်လည်း သူက ဖယ်ခွင့်မပေးဘဲ ပိုလို့ပင် တိုးဖက်ထားသည် ...... ။

တဖြည်းဖြည်းနဲ့ ပိုကျယ်လာသော ရှိုက်သံလေးတွေကလည်း ကမ်းစပ်က လေပြေတွေနဲ့အတူ ပျံ့လွင့်လျက် ...... ။

"Hun ... ကိုယ့် ကို မကြည့်ချင်ဘူးလားဟင် ... "

"ဘာလို့ ထွက်သွားလဲ ... ဘာလို့ အမြဲတမ်း ... အမြဲတမ်း ထားခဲ့တာလဲ ... ဘာလို့ ...... "

"Hun ... ကိုယ့်ကိုယ်ကြည့် ...... "

ကျွန်တော့်ကျောပြင်အား သူ့လက်နုနုလေးတွေဖြင့် ထုရိုက်နေတာကြောင့် သူ့လက်လေးတွေ နာကျင်သွားမှာ စိုးရိမ်သည် ...... ။

နာကျင်မှုလို့ မဆိုနိုင်သော နာကျင်မှုလေး တစ်ခု သူခံစားရမှာကိုပင် ကြောက်နေသည့် ကျွန်တော်ဟာ သူလေးကို နာကျင်အောင် လုပ်ဖို့ တွေးရဲ ခဲ့သည်တဲ့လား?

"Hun ... "

"ကျွန်တော် ဦးကို အမြဲတမ်း စောင့်နေခဲ့တာ ဦး သိရဲ့လား ...... ဟို တစ်နေ့ကလည်း ဦး ဆိုတာ ကျွန်တော် သိတယ် ... "

"တောင်းပန်ပါတယ် Hun ...... "

သူလေးပြောသည့် နေ့ကလည်း ကျွန်တော် သူ့ကို နာကျင်အောင် လုပ်ခဲ့သည် ... ။ သူလေးရဲ့ အော်သံ တစ်ချို့ကို နားထဲ ပြန်ကြားယောင်လာတော့ ရင်ထဲက မခံမရပ်နိုင်အောင် နာ၏ ...... ။

RopeWhere stories live. Discover now