~~~~~1~~~~

1.4K 84 2
                                    

"အလုပ်ဖြုတ်လိုက်ပြီ"

"ဘာ!!"

"မကြားဘူးလား အလုပ်ဖြုတ်လိုက်ပြီလို့"

ပေစောင်းစောင်းကြည့်ပြီး ပြောလာသော မျက်စိရှေ့က မိန်းမကြီးကို ဖြတ်ရိုက်ချင်စိတ်က
ထောင်းခနဲ~~~
အလုပ်ဖြုတ်ရလောက်တဲ့ထိ အပြစ်လုပ်ထားတာမရှိဘဲကို တစ်ခုထဲသော
အကြောင်းနဲ့ အလုပ်ထုတ်သတဲ့ လူကြားလို့မှ
မကောင်းလိုက်လေခြင်း…

"အဲ့တော့ ခများကြီးက မြူဆွယ်မရတိုင်း
ဒီလိုလုပ်နေကြပေါ့ဟုတ်လား hkမရှက်တတ်တာ"

"ဘာ မင်း မင်းရူးနေလား!"

"အဲ့ရူးနေလားမေးတဲ့ခများကြီးဘဲ ကျွန်တော်ဒီမှာအလုပ်
လုပ်သမျှကာလပတ်လုံး ကျွန်တော့်ကိုမြူစွယ်နေတာလေ oh မနေ့ကတောင်ပေါ်တင်ကြီး ဖွင့်ပြောလာသားနော် ခများချစ်သူလုပ်ရင်
ချမ်းချမ်းသာသာနေရမယ်ဆိုပြီးလေ"

"ဘာပြောတယ် မင်း မင်းပေါက်ကရတွေ…"

"တော်စမ်း ခများကြီး အဲ့ပါးစပ်ကထွက်လာမဲ့
$ပိုစကားတွေ မကြားချင်ဘူး ခများမပြောလဲ
ဒီကနေထွက်မှာဘဲ လုပ်မနေနဲ့ ဟက် မသွားခင်လေး အားလုံးကို သတိပေးခဲ့ပါအုံးမယ်လေ"

"မင်း ဘာ ဘာလုပ်မို့လဲkim kai"

ငိုတော့မတတ်မျက်နှာပေးနဲ့ မူယာတွေများချင်နေတဲ့ခများပုံစံကို မြင်ရတာ
ရယ်ချင်လိုက်တာ အခုမှသိပ်ကြောက်နေတယ်
လားခများရယ်~~~~~

အလုပ်ရှင်ဆိုတဲ့အကြောင်းပြချက်နဲ့ အလုပ်သမားတိုင်းလိုက်မြူဆွယ် ရည်းစားအဖြစ်ကျေနပ်သည်အထိတွဲ နောက်မှငွေနဲ့ပေါက် ရှုံ့ချတတ်တဲ့ ခများလိုမိန်းမမျိုးအကြောင်း လူတွေသိသင့်ပြီလေ အပြစ်တွေများနေပြီမဟုတ်လား~~~

kim kaiကိုမှ လက်တည့်စမ်းချင်တဲ့ ခများ
နောင်တရရုံတင်မဟုတ်ဘူး အရှက်ပါကွဲသင့်တာ~~~~

"ကဲ ကဲ ဒီကလူကြီးမင်းအပေါင်းတို့ စိတ်ဝင်စားစရာအကြောင်းလေးမသိချင်ကြဘူးလား"

သူ့အမေး၌ တစ်ဆိုင်လုံးရှိလူများအာရုံက သူ့ထံရောက်လာ၏။ထိုမိန်းမသည်လည်း
စိုးရွံ့နေဟန်ဖြင့် ခေါင်းတခါခါရှိနေလေသည်။

 အမုန်းမဲ့ချစ်​ခြင်း(kaisoo Yaoi)Where stories live. Discover now