*kim jong in
Age-27*အုတ်ဂူလေးကိုငေးရင်း မျက်ရည်တွင်တွင်ကျနေမိသည့်kyung soo
မငိုမိဖို့ထိန်းထားပေမဲ့ ကျင့်သားမရသေးတဲ့
နှလုံးသားကငိုဖို့မျက်ရည်တွေဘဲဖန်တီးပေး
လေတော့ ရှိုက်သံများဖြင့်သာငိုနေမိဆဲ~~~"ကျွန်တော်မကောင်းဘူးနော်ကိုကို ဒီလာတိုင်း
မျက်ရည်တွေနဲ့ဘဲဖြစ်နေတာ ကိုကိုသာရှိရင်
ကျွန်တော့်မျက်ရည်တွေမြင်ပြီး အတူလိုက်ငိုအုံး
မှာမလား ငိုလို့ဝတဲ့အခါ ဖွားဖွားကြီးတို့မစား
စေချင်တဲ့ လမ်းဘေးဆိုင်က တော့ပိုကီအစပ်
တွေအတူသွားစားလိမ့်အုံးမယ်မလား
ပြီးရင် နောက်ထပ်မငိုဖို့ ဆုံးမအုံးမယ်မလားကိုကို"ဘယ်ဘက်ပါးပြင်ပေါ်လွင့်သွားတဲ့မျက်ရည်
တစ်စက်ရယ်က ကိုကို့ကိုလွမ်းလို့~~~~~"ကိုကိုသိလား ဖွားဖွားကြီးက ကိုကိုဆုံးပြီပြောတော့ ကျွန်တော်ဟားတိုက်ရယ်နေမိတာ"
မှတ်မိသေးတယ် ဖွားဖွားကြီးရဲ့မျက်ရည်တွေကျပြီး ပြောပြခဲ့တဲ့ပုံစံကို~~~
"ကျွန်တော့်စိတ်ထဲ နောက်နေတယ်လို့တွေး
လိုက်မိတာ ကိုကိုကဘယ်တော့မှ ကျွန်တော့်ကို
မထားခဲ့ဘူးလို့ထင်ခဲ့လို့လေ"/ဟောဒီ့ လောကကြီးထဲကလေးရှိသ၍ ကိုကိုရှိနေမှာပေါ့ ကလေးကိုစိတ်မချလို့ ကိုကိုဘယ်တော့မှထားမသွားဘူး/
ဟင့်အင်း ကတိတွေဟာ မတည်မြဲဘူးကိုကို
ကျွန်တော်ယုံကြည်ခဲ့တဲ့ကတိတွေက ကိုကို့သေဆုံးခြင်းနောက်မှာ ကျန်ရစ်ခဲ့ပြီ ထင်ပါရဲ့~~~~"ဒါပေမဲ့ ဖွားဖွားကြီးက နောက်နေတာ မဟုတ်ဘူး ဆိုတာကို dae hyungက သက်သေပြသွားတယ်ကိုကို
ကိုကို့အရိုးပြာအိုးနဲ့ ကျွန်တော့်ဆီရောက်ချလာတဲ့
dae hyungကြောင့် ကျွန်တော်သိလိုက်တယ်
ကိုကိုကနှုတ်မဆက်ဘဲနဲ့ ကျွန်တော့်ကိုထားပြီး
ထွက်သွားတယ်ဆိုတာ"ရှိုက်သံတို့သိသိသာသာကျယ်လာသည့်နောက်
မတ်တပ်ရပ်နေဖို့အင်အားတွေပျောက်ဆုံးသွား
သည့်အလား ဒူးထောက်ထိုင်ချလိုက်၏။ဆက်ပြောဖို့အားမရှိတော့သလို စကားတွေက ရင်ထဲမှတဆင့်လည်ချောင်းမှာ တစ်ဆို့နေသလိုလို~~~~
ကျွန်တော်ငိုတာရပ်သင့်ပြီ……