အပ်ကျသံတောင်ကြားရလောက်သည်ထိ
တိတ်ဆိတ်မှုကြီးစိုးနေသော တိုက်ခန်းငယ်ထဲ
လူသုံးယောက်၏ စကားပြောသံ
ခပ်သဲ့သဲ့သာ ပျံ့လွင့်လို့နေ၏။မနက်ကတင်kaiတို့ တရားဝင်လက်ထပ်ပြီးခဲ့ပြီမို့ kyung sooက kaiတို့ဆီမှာဘဲ လိုက်နေသည်လေ။
" မင်းတို့လက်ထပ်ပြီးပြီဆိုတော့ ငါကxiao luတိုက်ခန်းမှာဘဲသွားနေတော့မယ် မင်းတို့လင်ယောကျာင်္းနှစ်ယောက် လွတ်လွတ်လပ်လပ်နေလို့ရအောင်လေ"
မျက်နှာကစပ်ဖြီးဖြီးနှင့် စကားစလာသော oh sehunကြောင့်kaiမျက်နှာရဲကနဲဖြစ်သွားရ၏။
ချစ်လို့မဟုတ်ဘဲ လိုအပ်လို့ လက်ထပ်ကြသည်ဆိုတဲ့အကြောင်းကိုတော့sehunအား
မရှင်းပြဖြစ်ခဲ့။ရှင်းပြဖို့မလိုဟုလဲယူဆထားသည်လေ။
" အာ့လောက်ထိလဲမဟုတ်ပါဘူးကွာ
မင်းနေချင်ရင်နေလို့ရသားရယ်""ဟုတ်သားဘဲ sehunnieနေလို့ရတာကို
ဟိုးရက်တွေကတောင် ဒီလိုဘဲသုံးယောက်
အတူနေတာဘဲလေ"Sehunက သူများလင်ယောကျာင်္းကြား ရှုပ်နေမည်ဆိုး၍ တခြားမှာနေဖို့ပြင်သည်ကို အားနာနေပုံရသောkyung sooကပါ
ဝင်တားမြစ်လေရဲ့။"Arrrနေစရာလားကွ မင်းတို့ကြားငါကလူပိုဖြစ်တယ် ကိုယ့်ဘာသာxiao luနဲ့သွားနေမယ်ရတယ် ခနနေသွားမှာ အထုပ်တွေတောင်ပြင်ပြီးပြီ"
ပြောရင်းမှ အထုပ်တွေသွားဆွဲယူကာ ထွက်သွားရန်ပြင်နေသည့်sehunကြောင့် တားမရသည်ကို kaiသိ၍ ဘာမှ
ဆက်မပြောဖြစ်ခဲ့။"အေးပါကွာ မင်းဆန္ဒရှိသလိုသာလုပ်
လာတော့လည်ပေါ့hunရာ""Ok သွားပြီကွာ အားတဲ့အခါ xiao luပါ
ခေါ်ပြီး လာလည်မယ်"Sehunထွက်သွားသည်နှင့် kaiနဲ့ kyung sooမှာ ဘယ်ကစပြီး စကားပြောကြရမည်
မသိတော့တာကြောင့် တော်တော်ကြာ
တိတ်ဆိတ်နေလေရဲ့။
