/ကိုယ်တို့လက်ထပ်ရအောင်ကလေး/
Aishဘာအရူးထပြီးသူပြောတာပါလိမ့်...
လွန်ခဲ့တဲ့နှစ်ရက်ခန့်က အန်တီလေးရှေ့မှာ
ထိုသို့ပြောခဲ့ပြီး kyung sooကို ခေါ်ထားခဲ့တာ အခုထိ။အန်တီလေးကတော့
ရှုရှုရှားရှားဖြင့် သောင်းကျန်းခဲ့သေးသား.....
ခက်တာက kyung sooကိုယ်တိုင်က လိုလိုလားလားနေချင်ခဲ့တာကိုး။လက်ထပ်မယ်လို့ပြောပြီးထဲက ကိုကိုဟာ အိမ်မကပ်တော့။ထွက်လိုက်ရတဲ့ အပြင်ဆိုတာ
ဟာလဲ အလုပ်ကြောင့်တစ်မျိုး တခြားအကြောင်းကြောင့်တစ်မျိုးနဲ့ မပြီးနိုင်မစီးနိုင်။ဒီကdo kyung sooလေးမှာတော့ အိမ်ထဲပျင်းရိနေလဲ ခပ်ကုတ်ကုတ် ငြိမ်နေရတာရယ်။မုန်းချင်စရာဆိုနေ…
"kyungလေး"
"လာပြီsehunnie"
အိမ်ရှေ့မှsehunnieရဲ့ အော်ခေါ်သံကြောင့်
အတွေးတွေကိုရပ်ကာ အပြေးအလွှား အနားသို့သွားတော့…"ရော့ kaiလာရင် လက်မှတ်ထိုးဖို့ပြင်"
စာချုပ်တစ်ခုကို လက်ထဲထိုးထည့်ကာ မျက်နှာကပြုံးဖြီးဖြီးနဲ့ပြောလာလေသည်
ကြောင့် ဘာစာချုပ်လဲ ကြည့်မိတဲ့အခါ
မျက်လုံးအပြူးသားဖြစ်ရသူကကျွန်တော်။*လက်ထပ်ထိမ်းမြှားခြင်းစာချုပ်*~~
ekkခေါင်းစဉ်ကြည့်ပြီး ကြက်သီးက အလိုလိုထလာတာရော်။ကိုကိုတကယ်ကြီး
လက်ထပ်ဖို့ပြင်နေတာဘဲ။ဒါဖြင့် ကျွန်တော်ကရော~~~ကျွန်တော်က ကိုကို့နား နေချင်ရုံသက်သက်ဘဲမဟုတ်လား လက်ထပ်ဖို့ဆိုတာတော့ အတွေးထဲတောင် မရှိတာရယ်။
လက်ထပ်ခြင်းမှာ အချစ်လဲပါရမယ် နားလည်မှုလဲပါရမယ်လေ ကျွန်တော်နဲ့
ကိုကိုကြားမှာက ဘာအချစ်မှမရှိလေတော့
အိမ်ထောင်ရေးဆိုသည်ကို နှစ်ကိုယ်တူ မတည်ဆောက်လိုသည်ကအမှန်။တကယ်ဆို
ကျွန်တော်ကြောင့်သာ ကိုကိုနစ်နာရတာတွေ
များနေတာပင်။အခုလဲ ကျွန်တော်ကြောင့်နဲ့
ဒီလိုတွေလျှောက်လုပ်နေတာလားမသိ…
ကိုကိုပြန်လာမှ ဒီကိစ္စတိုင်ပင်ပါအုံးမည်လေ။
