"Kyung sooလေးက ကျောင်းပြီးပြီလား"
"မပြီးသေးဘူးရော် ဖွားဖွားကြီးက အိမ်မှာဘဲ
ဆရာငှါးပြီးစာသင်ပေးတာမို့ ကျောင်းမသွား
ရတာ စာဖြေတဲ့အချိန်ဘဲ ကျောင်းရောက်တယ်လေ""အော် ဒါဆိုအထက်တန်းပေါ့"
"ဟုတ်တယ်sehunnie အထက်တန်း
ဒုတိယနှစ် ရောက်ပြီရယ်"Sehunnie?အဲ့ကလေးက အခုoh sehunကို
Sehunnieလို့ခေါ်လိုက်သတဲ့လား ရင်းနှီးမြန်လိုက်တာ။ထမင်းစားခန်းထဲ လူသုံးယောက်ရှိနေသည်ဆိုပေမဲ့လဲ sehunနဲ့ထိုကလေး၏
အပြန်အလှန် စကားသံတို့ကသာ ဖုံးလွှမ်းနေပြီး
Kaiကတော့ ခပ်အေးအေးသာ နားထောင်နေမြဲပင်။ ဝင်မပြောဖြစ်သည်က သူတို့ပြောနေတဲ့ အကြောင်းအရာအချို့က
သိနှင့်နေပြီးသားတွေမို့လို့ ဝင်ပြောဖို့မလိုဟု ယူဆပြီး ငြိမ်နားထောင်နေမိတာ..."Kyung sooလေးက ချစ်ဖို့ကောင်းလိုက်တာ
စကားပြောရင်လဲ ပါးလေးတွေက
ဖောင်းနေတာ""ဟီး ကျွန်တော်သိတယ်"
Sehunရဲ့မြှောက်ပင့်စကားကို သဘောတကျ
တုံ့ပြန်လာသည့်ကလေးဟာ စိတ်ကြီးကလဲ ဝင်လိုက်ပြန်သေးတာ သူ့ကိုယ်သူ ချစ်စရာ
ကောင်းတယ်ဆိုပြီး ဇွတ်စိတ်ကြီးဝင်နေတာ
ဘာလေးမှန်းကိုမသိဘူး။အေးလေ တကယ်လဲချစ်စရာကောင်းနေတာဘဲကိုး..."Hun မင်းအလုပ်က ညနေမှမလား"
"အင်း ဒါပေမဲ့ ငါက ချိန်းထားတာရှိတယ်
ခနနေ အပြင်သွားတော့မှာ""ဟမ် ဘယ်သူနဲ့ချိန်းထားတာလဲ ငါက
မင်းရှိတယ်လေဆိုပြီး ဒီကလေးကို မနက်ဖြန်မှ ပြန်ပို့ဖို့ လုပ်ထားတာကို"Kaiမေးတော့ ပြုံးစစဖြစ်နေသည့်
oh sehunမျက်နှာပေးဟာ အရိပ်အကဲ ဖမ်းလို့မရ~~~~~~ချိန်းထားတယ်ဆိုတာ တကယ်ရောဟုတ်ရဲ့လား?
"Xiao luနဲ့ ချိန်းထားတယ် dateလုပ်မလို့လေ
ကလေးကတော့ မင်းတစ်ယောက်ရှိရင် ရတာဘဲ ငါလိုသေးလို့လားနော်
ဟုတ်တယ်မလား kyungလေး"
