~~~~8~~~~

812 82 2
                                    

" ကိုကို ကျွန်တော် ကုန်တိုက်ခနသွားမလို့
လိုက်ခဲ့အုံးမလား "

" အင် အင်း မလိုက်တော့ဘူး
ကလေးဘာသာသွားလိုက်တော့

ညက ညဉ့်နက်မှအိပ်ရလို့ အခုမျက်လုံးမဖွင့်နိုင်သေးဘူး "

" ok okဒါဆိုကျွန်တော်သွားပြီနော် "

ဘာစကားမှပြန်ဖြေလာခြင်းမရှိတော့သည့်
ကိုကိုဟာ အိမ်မက်ကမ္ဘာထဲ အလည်ရောက်လို့နေပြီထင်ရဲ့။

ထို့ကြောင့်kyung sooလဲ အလိုက်တသိပင်
စောင်ကိုခြုံပေးခဲ့ပြီး တစ်ယောက်ထဲ ဈေးဝယ်ထွက်ခဲ့လိုက်တော့၏။

လက်ထပ်ပြီးသွားပြီဆိုပေမဲ့  ကျောင်းထွက်တာတော့kyung sooမလုပ်ခဲ့။
အဲ့လိုဘဲကိုကိုကလဲ kyung sooကို ကျောင်းမနားခိုင်းခဲ့ပေ။

kyung soo ဆန္ဒရှိသလိုသာလုပ်ဆိုပြီး
အိမ်ထောင်ဦးစီးတာဝန်ကိုတော့ ကျေအောင်လုပ်ပေးတဲ့ကိုကိုက မာနသိပ်ကြီးတာ။ဖွားတို့က kyung sooအတွက်ဆိုပြီး ပိုက်ဆံပေးလာတာတောင်
မယူစေခဲ့ဘဲ သူ့လုပ်အားနှင့်သာ kyung sooကို ကျောင်းထားပေးတဲ့သူ။

kyung sooမျက်နှာမငယ်ရအောင်တော့
အစွမ်းကုန်ကြိုးစားရှာသည်လေ။ဒါကြောင့်နှင့်
တော့ kyung sooကိုချစ်နေသည်ဟု ခေါင်းစဉ်မတပ်လိုပါ။

ကျွန်တော်လက်ခံသည့်အချစ်က ဖြူစင်တယ်လေ အရောင်မဲ့ချစ်ခြင်းမျိုးဘဲ
ဖြစ်သင့်တယ်မဟုတ်လား။အဆုံးသတ်က
နာကျင်စရာမဖြစ်လိုဘူးဆိုရင် ကိုကိုနဲ့
ကျွန်တော်ဟာချစ်လို့မရဘူး။

ကျွန်တော့်ရဲ့ကတိတစ်ခုကိုတော့
သေချာပေါက်တည်ရမယ်~
ကိုကိုချစ်တဲ့သူသာရှိလာရင် ကျွန်တော်ကဘေးလူအဖြစ်သာနေရမှာ။
ဒါကြောင့် ကျွန်တော်တို့ကအဖြူရောင်ကို
အရောင်မဆိုးသင့်ဘူး……

*အဖြူရောင်အတိုင်းလေးကဘဲ
လှပဖြူစင်တယ်လို့ ကျွန်တော်တို့က ထင်ယောင်ထင်မှားဖြစ်ကြတဲ့အခါ

အဖြူရောင်ကိုဆေးခြယ်လိုက်​ရင်
ပိုပြီးဆန်းသစ်လှပသွားမှာကို မေ့သွားကြတယ်
အဲ့လိုဘဲအချစ်တွေကိုလဲ ထပ်​ပြီး လစ်လျူရှုထားခဲ့ပြန်တယ် *

 အမုန်းမဲ့ချစ်​ခြင်း(kaisoo Yaoi)Where stories live. Discover now