One Day [ Birthday ]

25.5K 1.2K 214
                                    

မနက်​ အိပ်​​ဆောင်​တံခါးကို ဖွင့်​လိုက်​တာနဲ့ ​နွေး​ထွေးတဲ့ ​နေ​ရောင်​ခြည်​ဟာ အခန်းထဲကို အလုအယက်​ဝင်​လာတယ်​ ! ​တောအုပ်​ဟာ ​ကျေးငှက်​သံတို့နဲ့ ​စောစီးစွာ အသက်​ဝင်​​နေနှင့်​ပြီ !

*yawn*

ကျွန်​​တော်​ တချက်​သန်း​ဝေရင်း မြင်​​နေရတဲ့ ပြတင်း တစ်​​ပေါက်​စာ ခပ်​စိမ်းစိမ်း​တောအုပ်​ကို ​ငေးကြည့်​​နေမိသည်​ ! အခုဆိုရင်​ ကျွန်​​တော် ဒီ​တောအုပ်​ကို​ရောက်​တာ နှစ်​ နှစ်​​ကျော်​ ! အဖြစ်​အပျက်​​တွေ အများကြီး ဖြစ်​ပျက်​ခဲ့ပြီး ခက်​ခဲတဲ့ရင်​ဆိုင်​မှု​တွေကြားက ချိုမြိန်​​နွေး​ထွေးတဲ့ အချစ်​​မေတ္တာကို ကျွန်​​တော်​ ရှာ​တွေ့ခဲ့တာလည်း နှစ်​ နှစ်​​ကျော်​ !

သူ....

ကျွန်​​တော့်​ရဲ့ အချစ်​ရဆုံး​သော ....

Kokonoe sama...

ခန့်​ညားတဲ့ ... ခနိုးခနဲ့ ပြုံးတတ်​တဲ့ ... စူးရှရှ မျက်​လုံးပိုင်​ရှင်​ ... ချစ်​တတ်​တဲ့ ... ဝန်​မခံတဲ့ ... နားရွက်​ချွန်​ချွန်​​တွေပိုင်​ဆိုင်​တဲ့ ... ခပ်​​ချေ​ချေ ​ညစ်​ကျယ်​ကျယ်​ မြေ​ခွေးကြီး ...

သူ့ရဲ့ ဂုဏ်​ပုဒ်​​တွေဟာ ​ပြောမကုန်​ ! သူ့အ​ကြောင်း​တွေးရင်း ကျွန်​​တော်​တကိုယ်​လုံးဟာ ပူ​နွေးလာပြီး အလိုလို ပြုံး​နေမိတတ်​တာလည်း သူ့ရဲ့ အစွမ်းအစ​တွေပဲ ဖြစ်​မယ်​ !

အခုချိန်​ဆို သူဘာလုပ်​​နေမလည်း ? ​ပြေးမကြည့်​နဲ့ ​ပြေးရင်​ အ​အော်​အ​ငေါက်​ခံရဖို့ အ​သေအချာပဲ ဒါ​ကြောင့်​ ​တွေးသာကြည့်​ သူအခု ခန်းမ​ဆောင်​ထဲ စာရွက်​လိတ်​​တွေကြား အလုပ်​ရှုပ်​​နေမှာ​ပေါ့ !

ကျွန်​​တော်​​တွေးရင်း အူမြူးလာသလိုပဲ ​နောက်​ပြီး သူ့ကို ပြင်းပြင်းပြပြ ​တွေ့ချင်​လာတယ်​ ! အမှန်​ဆို ​ဝေး​နေကြတာမဟုတ်​​ပေမယ့်​ ကျွန်​​တော်​က အကဲပိုတယ်​ပဲ ​ပြော​ပြော Kokonoe sama ကို အချိန်​တိုင်း ချစ်​​နေတာ​လေ ! ကျွန်​​တော်​ Kokonoe sama ကို အခန်း​ထောင့်​​လေးက​နေ ငုတ်​တုတ်​​လေး ​ငေး​နေရရင်​​တောင်​ ကျွန်​​တော့်​ဘဝကြီး ပြီးပြည့်​စုံသွားသလိုပါဆို ! ဒါ​ပေသိ သူ့​ရှေ့​မှောက်​ ​ရောက်​တဲ့အခါ သူ့အမူအရာ​တွေ မြင်​ပြီး ပူထူပြီး အ​ယောင်​​ယောင်​အမှားမှား ဖြစ်​တာက​တော့ ကျွန်​​တော်​ ဝသီ​ပါလေ !

Daily Life with KokonoeWhere stories live. Discover now