You Have The Key To My Heart
Part.11
တဖြည်းဖြည်းနဲ့ နေဝင်ချိန်ရောက်ခါနီးလာတော့ Beam နဲ့ Forthထက် အရင်ရောက်နေကြတဲ့ လူတွေဟာ ကွင်းပြင်ကြီးကနေ ထွက်ခွာစပြုလာကြတယ်..
Beam နဲ့ Forth လည်းစွန်လွှတ်တာကို ရပ်လိုက်ပီး မြေကြီးပေါ်မှာ တိတ်တိတ်ဆိတ်ဆိတ်လေးထိုင်ရင်း နေဝင်ဆည်းဆာကို စောင့်ကြည့်နေကြတယ်...
Forthရဲ့ ခြေထောက်၂ချောင်းကြားထဲမှာ Beamထိုင်ပီး Forthရဲ့ ရင်ခွင်ကျယ်ကြီးကို ကျောပေးရင်း သက်တောင့်သက်သာ ထိုင်နေခဲ့တယ်...
နေဝင်ချိန်ကိုကြည့်ရင်း Forth ရဲ့ငြိမ့်ညောင်းတဲ့ သီချင်းဆိုသံလေးနားထောင်ရင်း Forthကနောက်ကနေလည်း ဖက်ထားတာကြောင့် Beamပြုံးနေတာကို ရပ်လို့မရခဲ့ဘူး... (ကိုယ်တောင်စဉ်းစားရင်း အာ့လိုလေး နေချင်လာပီ😁😁)
Forthရဲ့သီချင်းထဲမှာ စီးမြောသွားတဲ့အတွက် Forthရဲ့ရင်ခွင်ထဲရောက်ပီး မေးစေ့နဲ့မျက်နှာကပ်နေတာကိုတောင် Beamသတိမထားခဲ့မိဘူး...
#Beam : "သီချင်းလေးက အရမ်းနားထောင်လို့ကောင်းတာပဲ..."
Forthရဲ့သီချင်းဆုံးသွားတော့ Beamတိုးတိုးလေးပြောလိုက်တယ်...
#Forth : "ဒီသီချင်းက အထူးသဖြင့် မင်းကိုရည်ရွယ်တာပါ ကိုယ့်ရဲ့Beamလေး ... ကိုယ်မင်းအပေါ် ဘယ်လိုခံစားနေရတယ်ဆိုတာကို အဲ့သီချင်းနဲ့ ပြောပြနေတာပါ..."
Forth သူ့ကို ညှို့နိုင်လွန်းပီးချစ်စရာကောင်းတဲ့ Beamကိုငုံ့ကြည့်ရင်း ပြောလိုက်တယ်...
နှစ်ယောက်လုံးရဲ့ အကြည့်တွေစုံသွားတဲ့အချိန်မှာပဲ Forth ခေါင်းကိုဖြည်းဖြည်းခြင်းငုံ့ပီး နှုတ်ခမ်း၂ခုစုံအောင် ဖန်တီးလိုက်တယ်...
နှုတ်ခမ်း၂ခုထိတွေ့သွားတဲ့အချိန်မှာတော့ အရာအားလုံး ပြီးပြည့်စုံသွားသလို ခံစားလိုက်ရတယ်...
လိပ်ပြာတွေ ပျံဝဲနေသလိုလို...မီးရှူးမီးပန်းတွေ ဖောက်နေသလိုလို ဖော်ပြလို့မရတဲ့ခံစားမှုတွေက နှလုံးခုန်သံတွေကို ပိုမြန်လာစေတယ်...
Forth Beamရဲ့ ပိုးသားလေးလို နူးညံ့တဲ့နှုတ်ခမ်းလေးပေါ်က သူ့နှုတ်ခမ်းကို ဖြည်းဖြည်းချင်း ရွှေ့လိုက်တယ်...အနမ်းတွေက တဖြည်းဖြည်း နက်ရှိုင်းလာခဲ့တယ်...
Forth ရဲ့ဦးဆောင်မှုနောက်ကနေ နှုတ်ခမ်းတွေကို ဟန်ချက်ညီညီထိန်းရင်း အနမ်းတွေနောက် မျောပါလာတဲ့Beamကြောင့် Forthကျေနပ် ပျော်ရွှင်နေမိတယ်...
Forth Beamနှုတ်ခမ်းတွေရဲ့ ချိုမြိန်မှုကို အရသာခံရင်း အသက်ရှူဖို့ နှုတ်ခမ်းတွေကို ဖြည်းဖြည်းချင်းခွာလိုက်တယ်....( ရေးရင်း ပွဆိတ်တတ်😂)
#Forth : "ပြည့်စုံလိုက်တာ...ကိုယ်အခု လပေါ်ကိုလုံးဝ ရောက်သွားပီ...ကိုယ်ရင်တွေ အရမ်းခုန်နေတယ်...ဘယ်လိုမှ ရပ်လို့ရတော့မယ်တောင် မထင်ဘူး..."
Forth Beam နဖူးလေးကို ဖြည်းဖြည်းလေးနမ်းရင် ပြောလိုက်တယ်...
Beam အရမ်းရှက်နေမိတယ်...ရှက်လွန်းလို့ Forth မေးစေ့အောက်မှာ သူ့ခေါင်းကိုကပ်ငုံ့ပီး သူ့မျက်နှာနီနေတာ Forthမမြင်အောင် ဖွက်ထားမိတယ်...
#Forth : "ကိုယ်အရမ်းပျော်တာပဲBeam..."
Forth Beamရဲ့ဆံပင်တွေကို လက်ချောင်းတွေနဲ့သပ်ပေးရင်း ပြောလိုက်တယ်...
#Beam : "Me Too Forth...ကျွန်တော့်ကို ဒီနေရာကို ခေါ်လာပေးလို့ အရမ်းကျေးဇူးတင်ပါတယ်...ကျွန်တော့်ဘဝမှာ ဒီနေ့ကအပျော်ရွှင်ရဆုံးနေ့ပါပဲ..."
#Forth : "ကိုယ်လည်း တူတူပါပဲ...ကိုယ်ဒီနေ့ တစုံတယောက်ဆီက ကိုယ်ကြားချင်နေတဲ့ စကားလေးသုံးလုံး ကြားလိုက်ရတယ်လေ..."
Beamပါးစပ်ပိတ်လိုက်မိတယ်...သူအဲ့ဒီတန်ဖိုးရှိတဲ့ စကား၃လုံးကို အမှတ်တမဲ့ပြောထွက်သွားတယ်ဆိုတာ သတိရတဲ့အချိန်မှာ မျက်နှာတခုလုံး ပူနွေးလာသလို ခံစားလိုက်ရတယ်...
သူအဲ့လိုအကျယ်ကြီးအော်ပြောလိုက်ဖို့ မရည်ရွယ်ခဲ့မိပေမဲ့ ခုတော့ Beamသူ့အပေါ်ဘယ်လိုခံစားရတယ်ဆိုတာ Forthသိသွားခဲ့ပီ...
အရာအားလုံး ပွင့်ပွင့်လင်းလင်းဖစ်သွားပီဆိုတော့ နောက်ထပ် ဖုံးကွယ်နေစရာမလိုပဲ Forthကိုသူ့နှလုံးသားထဲ ဝင်ခွင့်ပြုလိုက်သင့်ပီ ဆိုတာ Beam နားလည်လိုက်တယ်...
#Forth : "တဖြည်းဖြည်းနဲ့ မှောင်လာပီပဲ...ကိုယ်တို့ရဲ့ ဒုတိယနေရာကိုသွားဖို့ အချိန်ရောက်လာပီ..."
#Beam : "ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ..."
Beamသိချင်နေမိတယ်...surpriseဖစ်စရာထပ် သိချင်စိတ်က ပိုများနေမိတယ်...ဘယ်လို Surpriseဖစ်စရာမျိုးကိုမှ Beamသိပ်သဘောမကျတတ်ဘူးလေ...
#Forth : "ကိုယ့်နောက်သာလိုက်ခဲ့ပါ ဟုတ်ပီလား...အများကြီး လျှောက်တွေးမနေနဲ့..."
Forth ပြောရင်း Beamလက်ကိုကိုင်ပီး ဆွဲထူလိုက်တယ်...
Forth လက်တဖက်က စွန်ကိုကိုင်ရင်း နောက်လက်တဖက်က Beamရဲ့လက်ကိုကိုင်ပီး ဆိုင်ကယ်ရှိတဲ့နေရာကို ဖြည်းဖြည်းချင်း လမ်းလျှောက်လာခဲ့ကြတယ်...Crd.deebamanja
Trans by Me(#MCopter)
ESTÁS LEYENDO
You Have The Key To My Heart
FanficရေခဲတုံးကြီးForthရဲ့ လက်သွက်တာတွေ အရိုတွေအဆွိတွေကို ခံစားနိုင်မဲ့Ficလေးပါ😁 Crd.deebamanja