"ဟို..ဟိုလေ..ငါနင့်ကို..ချစ်တယ်.."
လေသံတိုးတိုးလေးမှာမဝံ့ရဲတဲ့အရိပ်လေးတွေဟာ
တစ်ချက်ဝေ့လာတဲ့လေညှင်းထဲမှာလွင့်ပါ
လာတယ်လက်ထဲမှာကိုင်ထားတဲ့ရေမုန့်လေးကိုတစ်ကိုက်ကိုက်
လျက်သားနဲ့ကျွန်မ သူ့ဘက်ကိုလှည့်ကြည့်လိုက်တယ်ရေမုန့်ဆိုင်ရဲ့သစ်သားတန်းလေးမှာ
ချိတ်ဆွဲထားတဲ့မီးသီးလေးရဲ့ဝါကျင့်ကျင့်မီးရောင်
အောက်မှာ သူ့ပါးနှစ်ဖက်ကလိုတာထက်ပိုရဲနေတယ်သူ့ခေါင်းကငုံ့ထားတဲ့အပြင်ဆံပင်အနက်ရောင်လေးတွေ
မျက်နှာအပေါ်ခြမ်းကိုဝဲနေတာကြောင့်သူ့မျက်ဝန်းတွေကို
သေချာမမြင်ရဘူး..
ဒါပေမယ့် သူကျွန်မကိုကြည့်နေတာမဟုတ်ဘူးဆိုတာ
တော့သိတယ်
သူ့အကြည့်တွေက
သူ့ခြေဖျားလေးတွေ ဒါမှမဟုတ် သူ့ရှေ့နားကရေမုန့်ဗန်း
နားမှာရောက်နေလိမ့်မယ်ကျွန်မ သူ့ကိုငေးကြည့်နေရင်း
ပါးစပ်ထဲကရေမုန့်ကိုတမြုံ့မြုံ့နဲ့ဝါးနေလိုက်တာ
ဗိုက်ထဲတောင်အကုန်ရောက်သွားပြီ..ဒါပေမယ့်နောက်တစ်ကိုက်ကိုက်ဖို့မေ့နေတယ်
ကျွန်မတို့ကြားကတိတ်ဆိတ်မူတစ်ခုကို
သူကဘဲစတင်ဖြိုခွင်းလိုက်ပါတယ်"အဒေါ်ကြီး ..ဒီမှာပိုက်ဆံ.."
ကျသင့်ငွေကိုလှမ်းပေးပြီး
ရေမုန့်ဆိုင်ကအဒေါ်ကြီးလှမ်းပေးတဲ့
အိတ်ကိုဆွဲယူပြီးရုတ်တရက်ကြီး သူ ကျွန်မဘေးကနေထွက်ပြေးသွားတာများလှစ်ခနဲဘဲလှည့်ကြည့်တော့ ပွဲဈေးတန်းရဲ့လူသူလေးပါးကြားထဲသူ့အရိပ်အရောင်တောင်
မမြင်ရတော့ဘူးဟယ်တော့..သူကဘဲရှက်ရတယ်လို့
သူဆိုတာအသက်၇နှစ်လောက်ကတည်းက
ကျွန်မခင်ခဲ့ရတဲ့ကျွန်မရဲ့ငယ်သူငယ်ချင်းလေးပါကျွန်မ တစ်တန်းနှစ်လောက်ကတည်းက
နှစ်တိုင်းနီးပါး
ဒီဇင်ဘာပိတ်ရက် ဒါမှမဟုတ် နွေကျောင်းပိတ်ရက်တိုင်း
မော်လမြိုင်ဘက်မှာရှိတဲ့ကျွန်မအဒေါ်တွေနေတဲ့
ရွာလေးကိုကျွန်မအလည်သွားလေ့ရှိတယ်