ဖုန်းပြောနေတဲ့မေမေ့နားကနေကျွန်မဖြတ်သွားရင်းနှင့်
နားစွန်နားဖျားကြားလိုက်မိတယ်ရွာကကျွန်မတို့ဘေးအိမ်ကကောင်လေးက
ဂုဏ်ထူးငါးဘာသာထွက်တယ်တဲ့ဘေးအိမ်ကကောင်လေးဆိုကတည်းက
ကျွန်မသူ့မျက်နှာကိုသွားပြီးပြေးမြင်လိုက်မိတယ်
အုန်းမူတ်ခွက်ကေ မျက်နှာဝိုင်းဝိုင်း အသားဖြူဖြူနှင့်
ကောင်လေးငယ်ငယ်ကစာဖတ်တာနှေးလွန်းလို့
ကျွန်မတောင်ပြန်ဖတ်ပြရတဲ့အဲ့တောသား
ကောင်လေးကငါးဘာသာတောင်ထွက်တယ်ပေါ့လေ..နည်းနည်းတော့မနာလိုစိတ်လေးတွေပွားမိလိုက်တယ်
ထင်တယ်..
ဒါပေမယ့်သူငါးဘာသာထွက်ထွက်
ဘယ်နှစ်ဘာသာထွက်ထွက်ကျွန်မ သိပ်စိတ်မဝင်စားပါဘူးခက်တာက
သူတောင် ငါးဘာသာထွက်ပြီး ကျွန်မကလေးဘာသာဘဲ
ထွက်သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး
မေမေ ကျွန်မကိုဆူတာဘဲ..ကျွန်မစိတ်တိုပြီး
ထိုင်နေရာကနေဝုန်းခနဲထရပ် အခန်းထဲကို
ဆောင့်ကြီးအောင့်ကြီးနှင့်ဝင်သွားလိုက်တယ်"သမီးရေ...
သမီးသူငယ်ချင်းရောက်နေတယ်.."အဲ့သူငယ်ချင်းဆိုတာဧည့်ခန်းမှာထိုင်နေတဲ့
သူ့ကိုပြောတာဘဲဖြစ်တယ်အခန်းထဲကကျွန်မထွက်လာတော့သူတစ်ချက်
မော့ကြည့်တယ်ငယ်ငယ်တုန်းကသူနဲ့အခုသူသိပ်မတူတော့ဘူး
ဖြူဥဥအသားအရေကနဂိုအတိုင်းရှိနေတုန်းဆိုပေမယ့်
သူ့မျက်နှာလေးကသွယ်လျပြီး
ခန္ဓာကိုယ်ကပါးပါးလျပ်လျပ်နဲ့ဆံပင်ကအရမ်းမရှည်အရမ်းမတိုဘဲ
နဖူးရှေ့မှာဘေးခွဲလေးဝဲနေပြီး
နောက်ကဆံပင်လေးတွေကထောင်နေတယ်ကျွန်မကျောင်းမှာ သင်တန်းမှာ တွေ့ဖူးတဲ့ကောင်လေးတော်တော်များများက
နားရွက်နားမှာထောင့်စွန်းသေးသေးလေးရှိတာဘဲ
ဖြစ်ဖြစ် ဒါမှမဟုတ် အပြောင်သိမ်းပြီးစိမ်းမြမြအမွှေးနု
လေးတွေရှိနေတာဘဲဖြစ်တယ်ဒါပေမယ့်သူ့နားရွက်ဖျားကဆံပင်ကရှည်လွန်းတယ်
နားရွက်အောက်ဖျားထိတောင်ရှည်နေတယ်
အဲ့လိုဆံပင်မျိုးကကျွန်မကြည့်ဖူးတဲ့ဂျပန်ကာတွန်းကားတွေထဲကကောင်လေးတော်တော်များများရဲ့ဆံပင်ကေနဲ့
တူပါတယ်