ယောကျင်္ားလေးတစ်ယောက်ရဲ့တိုက်ခန်းကဒီလောက်တောင်သပ်ရပ်တာလား?အညိုရောင်ပါကေးပြားပေါ်ခြေနင်းမိလိုက်တာနဲ့ကျွန်မပထမဆုံးတွေးမိတဲ့အတွေးလေးပါ။အမြဲလိုရှူပ်ပွစိတက်နေတဲ့ကျွန်မအိပ်ခန်းနဲ့ယှဉ်ချလိုက်ရင်ကုတင်တစ်လုံးနဲ့စာအုပ်စင် စားပွဲပုလေးတစ်ခုကလွဲရင်ဘာပရိဘောဂပစ္စည်းမှသိပ်မရှိတဲ့ အဝါရောင်လွင်လွင်အခန်းလေးဟာနေချင်စဖွယ်ပါ..။အဲ့တိုက်ခန်းလေးဟာသူတစ်ယောက်တည်းနေတဲ့တိုက်ခန်း။သူ့မိထွေးနဲ့သူသိပ်အဆင်မပြေတဲ့အတွက်သူ့ဖေဖေကသူ့ကိုဒီတိုက်ခန်းမှာလာနေစေတာဘဲဖြစ်တယ်။အိမ်မှာကျွန်မဘာလုပ်လုပ်မေမေကမျက်စိဒေါက်ထောက်လိုက်ကြည့်လို့ မလွတ်လပ်ခဲ့တဲ့ကျွန်မကတစ်ချိန်ကျရင်တစ်ယောက်တည်းသီးသန့်နေမယ်လို့တွေးနေတဲ့အချိန်ပါ။အဲ့တော့Wahhh တစ်ယောက်တည်းနေရတာအရမ်းမိုက်တာဘဲ လို့ သူ့ကိုကျွန်မပြောခဲ့ပေမယ့်သူ့မျက်နှာ မသာယာခဲ့ပါဘူး။တံခါးဝကနေကျော်လွန်လာတဲ့ကျွန်မခြေလှမ်းတွေကိုတစ်စုံတစ်ရာသောအတွေးကဟန့်တားလိုက်ပါတယ်။ဒါယောကျင်္ားလေးတစ်ယောက်နေတဲ့တိုက်ခန်းမိန်းကလေးတစ်ယောကိအနေနဲ့ဝင်မလာသင့်ဘူး။ဘယ်လောက်ဘဲယုံကြည်ရပါတယ်ပြောပြောမလိုလားအပ်တဲ့ကိစ္စတွေအများကြီးဖြစ်သွားနိုင်တယ်။ပြီးတော့ကျွန်မတို့သိပ်ငယ်လွန်းသေးတယ်။အထဲဝင်မယ့်ကျွန်မခြေလှမ်းတွေချက်ချင်းဘဲရပ်တန့်ကုန်တယ်။ချီတုံချတုံဖြစ်နေတဲ့ကျွန်မကိုသူကလှည့်ကြည့်ပြီးကျွန်မကိုဝင်ခဲ့ဖို့ပြောပါတယ်။
သူ့ကြည့်ရတာကျွန်မဘာတွေးနေလဲရိပ်မိတဲ့ပုံမပေါ်ပါဘူးတုန်တုန်ယင်ယင်နဲ့ဘဲဝင်ပြီးကျွန်မကုတင်စွန်းလေးပေါ်ထိုင်လိုက်တယ်ထိုင်စရာကလည်းအဲ့နေရာဘဲရှိတယ်လေသူကတော့အထဲကိုဝင်သွားတယ်။ပြန်ထွက်လာတော့အိမ်နေရင်းအကျႌနဲ့သူ့အဝတ်တွေထားတဲ့ဗီရိုဟာအတွင်းဘက်အခန်းတစ်ခုမှာဖြစ်ဖို့များတယ်ပြီးလည်းပြီးရော......။သူဝယ်ထားတဲ့Anime Figureရုပ်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြပြီးကျွန်မကိုထိုင်ကြွားတော့တာဘဲ။=____=တချို့အရုပ်လေးတွေကကျွန်မနဲ့တူတူဝယ်ခဲ့တာတချို့ကျတော့သူဂျပန်ကနေတကူးတကမှာဝယ်ထားတာကျွန်မ,မရင်းနှီးတဲ့ Dotaထဲကဇာတ်ကောင်တချို့တောင်ပါသေးတယ်။ကျွန်မလည်းသူပြတဲ့အရုပ်လေးတွေတစ်ရုပ်ချင်းစီကိုကိုင်ကြည့်နေလိုက်တယ်။ကျွန်မနဲ့သူနဲ့ထိုင်နေတာကအတော်လေးနီးကပ်ပါတယ်။တစ်ယောက်အသက်ရှူထုတ်လိုက်တဲ့လေကတစ်ယောက်မျက်နှာဆီကိုလာထိခတ်တဲ့အထိနီးတယ်။ပေါင်လယ်လောက်ချည်သားဘောင်းဘီပွပွလေးနဲ့အကျႌလက်တစ်လုံးကြိုးကိုအပေါ်ကHoodieပါးပါးလေးဝတ်ထားတဲ့ကျွန်မကို လမ်းဘေးကဆိုက်ကားဆရာတွေကြည့်တဲ့တပ်မက်တဲ့မနှစ်မြို့ဖွယ်ရာအကြည့်နဲ့သူမကြည့်ဘူး။သူ့ကြွားလုံးနဲ့သူ့ဘာသာလေပြန်ပိနေတယ်။ဘာဘဲဖြစ်ဖြစ်ကျွန်မနည်းနည်းတော့စိတ်သက်သာရာပြီးပေါ့ပေါ့ပါးပါးဖြစ်လာပါတယ်။ခဏနေတော့ ပုံမှန်အတိုင်းဘဲ သူနဲ့ရယ်ရယ်မောမောစကားပြောဖြစ်သွားတယ်။သူနဲ့ကျွန်မ Animeတွေတကားပြီးတကားထိုင်ကြည့်တာနဲ့အဲ့တစ်နေ့တာကိုကုန်ဆုံးခဲ့တယ်။ပြီးတော့ သူကျွန်မကိုအိမ်ပြန်လိုက်ပို့ပေးတယ်။ယုံမလားတော့မသိပေမယ့်..တွဲလာတဲ့သက်တမ်းတလျှောက်လုံးမှာသူကျွန်မကိုလုံးဝအခွင့်အရေးမယူခဲ့ဘူး။လက်ဖျားနဲ့တောင်မထိဘူးလို့တော့ကျွန်မ,မပြောဘူး။လက်ဖျားနဲ့တော့ထိတယ် ။သူနဲ့ကျွန်မလမ်းတူတူတွဲလျှောက်ရင်ခါးဖက်တာမျိုးလည်းမလုပ်ဘူး။ပုခုံးလည်းမမှီဘူး။လက်မောင်းကိုလည်းတွဲမထားဘူး။လက်သန်းလေးနှစ်ခုကိုဘဲချိတ်ထားတယ်။အဲ့လိုမျိုးလေးချိတ်ပြီးလမ်းလျှောက်ရတာကိုဘဲကျွန်မတို့နှစ်ယောက်လုံးသဘောကျခဲ့တယ်။သူနဲ့ကျွန်မတွေ့ဖြစ်တဲ့အချိန်တွေဟာညနေ ဒါမှမဟုတ် ညဦးပိုင်းအချိန်တွေများတယ်။ညနေဘက်တွေ့ဖြစ်တယ်ဆိုရင်ကျွန်မအိမ်နားမှာရှိတဲ့ကန်တော်ကြီးပန်းခြံကဒန်းလေးတွေမှာနှစ်ယောက်တူတူစီးပြီးကစားနေတဲ့ကလေးလေးတွေကိုငေးကြည့်တယ်။ပြီးရင်တစ်နေကုန်မြင်ခဲ့သမျှအကြောင်းအရာတွေဖြစ်ကြောင်းကုန်စင်တွေကိုနှစ်ကောင်သားအလုအယက်ဖောက်သည်ချတယ်။ညဘက်မှာဆိုရင်တော့သန္တိပဌာန်လမ်းမကြီးနဲ့ကျားကွက်သစ်လမ်းမတွေမှာကျွန်မတို့နှစ်ယောက်ခြေရာတွေထပ်နေတာဘဲ..။မုန့်တွေပတ်စားတာလေ..။တစ်ခါတစ်လေတစ်ညနေတည်းနဲ့သုံးဆိုင်လောက်ပတ်စားတယ်။ကျောက်မြောင်းတစ်ခွင်ရှိသမျှမုန့်ဆိုင်တွေလည်းကျွန်မတို့နှစ်ယောက်ဝင်မစားဖူးတာမရှိသလောက်ပါဘဲ။အများအားဖြင့်စားလေ့ရှိတာတော့ ကျားကွက်သစ်လမ်းမပေါ်မှာရှိတဲ့သဘာဝကွေ့တီယိုဆိုင်ဆိုင်ကိုသွားရင် ဝင်ဝင်ချင်း ညာဘက်ခုံမှာဘဲကျွန်မတို့နှစ်ယောက်ထိုင်တာများတယ်။မှာရင် ကျွန်မအတွက်က ကွေ့တီယိုအရည်တစ်ပွဲနဲ့ကမ္ဗလာ ဖျော်ရည်တစ်ခွက်သူ့အတွက်က ကွေ့တီယိုအသုပ်တစ်ပွဲနဲ့ချောကလက်မစ်ရှိတ်တစ်ခွက်။ပြီးတော့ သင်္ဘောသီးထောင်းတစ်ပွဲ။ကျွန်မ သင်္ဘောသီးထောင်းစားလို့မကုန်တဲ့နေ့ကသူ့မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတဲ့နေ့ဘဲတခြားတော့မဟုတ်ဘူး..မကုန်ရင်အတင်းထိုးကျွေးတတ်တာကျွန်မအကျင့်။အစပ်မစားနိုင်တဲ့ သူ့ကို မကုန်ကုန်အောင်အတင်းစားခိုင်းတယ်။ပြီးလို့ သူမျက်ရည်တွေကျ နှာရည်တွေထွက်ရင်တော့ ရှိတဲ့Tissueလေးတွေနဲ့ကျွန်မပြန်သုတ်ပေးပါတယ်။သူစိတ်လိုရင်တော့ကျွန်မကိုထမင်းလိပ်လုပ်ကျွေးတတ်တယ်..။သူထမင်းလိပ်လုပ်ရင် လိပ်တဲ့ဝါးလိပ်လေးတောင်မလိုဘူး။သူ့လက်နဲ့သူလိပ်တာ တကယ့်ကိုသေသပ်တယ်။ဓားနဲလှီးချလိုက်ရင်လည်း အတုံးလိုက်လေးတွေစီစီရီရီထွက်လာတယ်။ကျွန်မများလုပ်ချလိုက်တဲ့ထမင်းလိပ်များအပေါ်ပိုင်းကကားပြီးအောက်ပိုင်းကရှူးရတာနဲ့လှီးပစ်လိုက်ရင် ထည့်ထားတဲ့သခွားသီးတွေ ကြက်အူချောင်းတွေဆိုတာ အချောင်းလိုက်ကိုပြန်ထွက်တာကျွန်မလုပ်တဲ့ပုံကသူ့ကိုကူတာမဟုတ်ဘဲရှူပ်တာလိုဖြစ်နေတော့သူစိတ်တိုလာတယ်။ကျွန်မလက်မောင်းကိုကိုင်ဆွဲပြီးခုံမှာထိုင်ခိုင်းတယ်။ကျွန်မပါးစပ်ထဲထမင်းလိပ်သုံးခုလောက်ပစ်သွင်းလိုက်တယ်။