ကျေးဇူးတင်လွှာ

2.9K 326 51
                                    

ပထမဆုံးပြောချင်တာကအရမ်းကျေးဇူးတင်ပါတယ်

တန့်ရဲ့True Storyလေးက
Happy endingမဟုတ်တော့ဖတ်ရတာ
စိတ်ပင်ပန်းခဲ့မှာဘဲ
တန့်ကိုယ်တိုင်ကလည်းSad Endingတွေကို
သဘောကျတတ်တဲ့သူမျိုးမဟုတ်ဘူးလေ
စိတ်နှစ်ပြီးလိုက်ပါစီးမျောပေးလို့တကယ်
ကျေးဇူးတင်ပါတယ်

တန့်မေးတဲ့မေးခွန်းလေးကိုလည်း
တကယ်ကိုစိတ်ပါလက်ပါနဲ့ဖြေပေးလို့
ကျေးဇူးတင်ပါတယ်..

ချစ်ပါတယ် ဆိုတာလေးတွေတွေ့ရတော့
တန့်ပျော်မိပါတယ်
တကယ်လည်း သူချစ်ခဲ့မှာပါ တန့်ခံစားရပါတယ်
ချစ်သူတစ်ယောက်အနေနဲ့မဟုတ်ရင်တောင်
သူ့ဘေးနားမှာအချိန်အတန်ကြာရှိနေခဲ့တဲ့လူ
တစ်ယောက်အဖြစ်ပေါ့
သံယောဇဉ်ကပစ်စလတ်ခတ်လုပ်ပစ်လိုက်လို့တော့
မရဘူးမဟုတ်လား?

ဒီမှာမရေးခင်ကတည်းကတန့်သူငယ်ချင်းနဲ့လည်း
တန့်အချိန်အတန်ကြာစကားပြောပြီးပါပြီ
သူလည်းတန့်ကိုသေချာရှင်းပြခဲ့ပါတယ်

သူ့ပုံစံကမိန်းကလေးဟော်မုန်းဓာတ်
များတဲ့ပုံစံဖြစ်ပြီး
အဒေါ်သုံးယောက်နဲ့ကြီးပြင်းခဲ့တဲ့သူပါ
တန့်ထက်တောင်သူကပိုသိမ်မွေ့ပြီးနူးညံ့ပါတယ်
စကားပြောတာကအစ နေတာထိုင်တာအဆုံးပေါ့လေ
အဲ့လိုကောင်လေးတော်တော်များများက
Homoဖြစ်တတ်တယ်ပေါ့
(အကုန်လုံးကိုမဆိုလိုပါဘူး..ချွင်းချက်တွေရှိမှာပါ..)

အဲ့တော့တန့်သူငယ်ချင်းကပြောတယ်
သူ့ကိုယ်သူတော့အဲ့လိုဖြစ်နေမှန်း
သူသိမှာမဟုတ်လောက်ဘူး
မသိလို့လည်းသူ့နားမှာငယ်ငယ်ကတည်းကရှိနေတဲ့
မိန်းကလေးကို သူ လက်တွဲဖော်အနေနဲ့ ချစ်တယ်မြင်သွားတာတဲ့
ယောင်္ကျားလေးတစ်ယောက်နဲ့တွေ့မှ သူယောင်္ကျားလေး
တွေကိုစိတ်ဝင်စားတယ် သာယာတယ် ချစ်တယ်ဆိုတာမျိုး
ဖြစ်လာတာနေမှာတဲ့

အဲ့တော့အဖြေကရှင်းသွားပြီလေ..
သူတန့်ကိုချစ်တာချစ်သူတစ်ယောက်အနေနဲ့
မဟုတ်တော့ဘူး
ငယ်သူငယ်ချင်းလို သူ့အစ်မတစ်ယောက်လို
သူ့နားမှာသူနေစေချင်တဲ့လူတစ်ယောက်လို
ချစ်တာမျိုးဘဲပေါ့..

အဲ့လိုသိလိုက်ရတော့သူငယ်ချင်းရှေ့မှာတင်
မျက်ရည်တွေဝဲလာလို့ ဖယ်ထုတ်ပစ်ရတယ်
ဘယ်လိုလုပ်မလဲနော်..
ကိုယ်ချစ်တာကသူ့လိုချစ်တာမျိုးမှမဟုတ်ဘဲ.

သူငယ်ချင်းကတော့နှစ်သိမ့်ပေးရှာပါတယ်

"ကံကောင်းရင်Biတော့ဖြစ်ချင်ဖြစ်မှာ...
ပြန်ဆွဲစိလိုက်လေ"တဲ့

အဲ့အစုတ်ပလုတ်မကိုပြန်အော်ပေးလိုက်တယ်😂
တကယ်ပါ..သူငယ်ချင်းဆိုတာမျိုးက
အကောင်းကိုမပြောတဲ့အမျိုးတွေ😒

အခုချိန်မှာပြန်လည်းမဆွဲစိချင်တော့ပါဘူး
မြန်မာပြည်shrlnဖြစ်နေဦးမယ်😪
God အစစ်မကြီးလေ သူကတော့လွန်ပါတယ်😂
အသားလွတ်လိုက်မဲနေတာရယ်

ဘယ်လိုဘဲဖြစ်ဖြစ်ပါ
ချစ်ပါတယ်ဆိုတာလေးနဲ့တင်ကျေနပ်ပါတယ်
သူ့ဘဝမှာကိုယ့်အတွက်နေရာသေးသေးလေးတော့
ပေးထားခဲ့တာဘဲလေ
ပြောရရင်တွဲတုန်းကလည်းသူကသိပ်ဂရုစိုက်တတ်ပါတယ်

အရင်ကပြတ်စေချင်ပေမယ့်အခုတော့
အဲ့လိုစိတ်မျိုးမရှိတော့ပါဘူး..
ပြီးတာတွေပြီးကုန်ပါပြီလေ
သူ့ကိုပြန်ရင်ဆိုင်ဖို့တော့အားပြန်မွေးရဦးမယ်ထင်တယ်
တန့်အသင့်မဖြစ်သေးဘူး
တန့်ကသူ့အတွက်ခုချိန်ထိခံစားနေရသေးတယ်လို့
တော့မမြင်စေချင်တာအမှန်ဘဲ
သူအလကားနေရင်းစိတ်ရှူပ်သွားမှာစိုးတာရော
ကိုယ့်မာနလေးလည်းပါတာပေါ့

သူတို့အခုထိတွဲမတွဲတော့မသိတော့ပါဘူး
တွဲနေရင်လည်းအဆင်ပြေပါစေလို့ဘဲဆုတောင်းပေးပါတယ်

လူကတစ်ပတ်လုံးလည်းထိုင်feelနေတာ
ဘာမှမလုပ်ချင်မကိုင်ချင်
အခြေအနေကficတောင်မဖတ်ချင်တဲ့အခြေအနေ

အခုတော့feelလို့လည်းဝသွားပြီ😂
သူ့အတွက်လည်းမfeelနိုင်တော့ဘူးရယ်
အောင်စာရင်းကထွက်တော့မှာတဲ့😖
အဲ့ဘက်ကိုလူကပြန်လန့်နေပြီ

ပြီးတော့ တန့်ကလေးနှစ်ကောင်(ယံကြီးနဲ့ယံလေး)ကို
ပစ်ထားတာသိပ်ကြာသွားပြီ
ယံကြီးလည်းဘောကန်တာနေမတက်တော့ဘူး😂
အဲ့ဘက်ပြန်လှည့်တော့မယ်
မလှည့်ရင်လည်းချောင်းရိုက်ခံရတော့မယ်😝

အားလုံးရဲ့နှစ်သိမ့်စကား အားပေးစကားတွေအတွက်
အရမ်းကျေးဇူးတင်ပါတယ်
ချစ်လည်းချစ်ပါတယ်😚

ပြိုပျက်သွားသောအိပ်မက်တစ်ခု၏အက်ကြောင်းTahanan ng mga kuwento. Tumuklas ngayon