ပြိုပျက်သွားသောအိပ်မက်တစ်ခု၏စာကိုယ်(၃) (Unicode)

353 53 5
                                    

"ငါ့ကိုကျောင်းမှာseniorအစ်ကိုတစ်ယောက်ကအတင်းလိုက်ကပ်နေတယ်.."

ချောကလက်မစ်ရှိတ်ထဲကရေခဲမူန်လေးတွေကိုပိုက်လေးနဲ့တောက်ထုတ်နေရင်းသူအဲ့စကားကိုကျွန်မကိုပြောခဲ့တယ်။

"ခစ်..အဲ့seniorကချောလား?သူကနင့်ကိုသဘောကျနေတာလားမသိ..ခွိ..ခွိ"

ကျွန်မဘယ်လိုမှမဖြစ်သွားတဲ့အပြင်သူပြောတဲ့စကားကိုကျွန်မပြန်နောက်ပြောင်နေသေးတယ်။အဲ့တုန်းကJapan Animationတွေနဲ့ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ကျွန်မYaoiနဲ့Fujoushiဆိုတဲ့ဝေါဟာရကိုကောင်းကောင်းနားလည်နေပြီဖြစ်တယ်။တရုတ်တန်းကခွေဆိုင်တွေကိုရောက်ရင်ကျွန်မဟာJapan YaoiSeriesတွေကိုအသည်းအသန်လိုက်ရှာနေတဲ့အချိန်တွေကျွန်မphထဲကManga Download appမှာလည်းYaoi Mangaတွေပြည့်နေတဲ့အချိန်။Love stageဆိုတဲ့Yaoi ကားကိုကျွန်မအသေအလဲသဘောကျနေတဲ့အချိန်လည်းဖြစ်တယ်။ဒါပေမယ့်အခုခေတ်လိုမျိုးယောကျင်္ားလေးနှစ်ယောက်မြင်ရင်shipရကောင်းမှန်းရယ်လို့တော့ကျွန်မမသိခဲ့ပါဘူး။ပြီးတော့ယောကျင်္ားချင်းနှစ်သက်တဲ့သူဆိုတာJapanတစ်နိုင်ငံတည်းမှာဘဲရှိတယ်လို့ဘောင်သေးသေးလေးထဲကကျွန်မတွေးခဲ့တယ်ဘယ်လောက်တောင်တုံးလိုက်သလဲနော်..။အဲ့ခေတ်အဲ့အခါ စားရမယ့်ဂျင်းတွေလည်းမပေါခဲ့သလိုFeelစရာများများပြားပြားမရှိခဲ့တာကြောင့်လည်းပါမယ်ထင်တယ်။ကျွန်မသိခဲ့တာ ကျွန်မYaoi mangaတွေကိုအရမ်းနှစ်သက်ပါတယ်..။အဲ့yaoiထဲကကောင်လေးတွေဆွိရင်ကျွန်မသိပ်သဘောကျပါတယ်။ဒါပါဘဲ..။

ဒါကြောင့်မို့သူပြောတဲ့စကားအပေါ်ကျွန်မပေါ့ပေါ့ပါးပါးလေးဘဲရယ်မောခဲ့ပါတယ်။ဘာမှလည်းထွေထွေထူးထူးမတွေးခဲ့ပါဘူး။ကျွန်မအိပ်မက်တွေပြိုလဲသွားစေမယ့်အက်ကွဲရာတစ်ခုစတင်ခဲ့ပြီဆိုတာကိုကျွန်မလုံးဝသတိမမူမိခဲ့ပါဘူး..။

ချစ်သူသက်တမ်း (၉)လ

သူကျွန်မဆီကိုဖုန်းဆက်တဲ့အကြိမ်အရေအတွက်တွေတဖြည်းဖြည်းနည်းလာတယ်။ကျွန်မဖုန်းဆက်ရင်လည်း မကိုင်တာများလာတယ်။အထူးသဖြင့်သူကျောင်းမှာရှိနေတဲ့အချိန်တွေ။ညဘက်မှဖုန်းဆက်ပြန်တော့လည်း ဖုန်းထဲကလူကြီးမင်းနဲ့ဘဲကျွန်မတိုးပြန်တယ်။ကျွန်မတို့နှစ်ယောက်တွေ့တဲ့အရေအတွက်ကလည်းတဖြည်းဖြည်းလျော့နည်းလာပါပြီ။

ပြိုပျက်သွားသောအိပ်မက်တစ်ခု၏အက်ကြောင်းWhere stories live. Discover now